Friday, July 3, 2020

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် နေရာအနီးရှိမသင်္ကာဖွယ်ရာ ၁၂ ဦးအား စစ်ဆေးရာ AA အကြမ်းဖက်သောင်း ကျန်းသူများနှင့် ပတ်သက်ဆက်နွယ်မှုမရှိသဖြင့် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ထံ ပြန်လည်လွှဲပြောင်း

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စစ်တောကျေးရွာအနီးရှိ နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်များ၏ လစာငွေများထုတ်ယူရန်အတွက် ကျောက်ဖြူမြို့သို့ မောင်းနှင်လာသော တပ်မတော် ယာဉ်တန်းအား ဇွန် ၃၀ ရက်တွင် AA အကြမ်းဖက်သောင်းကျန်းသူများက မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် ယာဉ်ပေါ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ပြီး ဝန်းကျင်တစ်ဝိုက်အား အသေးစိတ်စစ်ဆေးစဉ် မသင်္ကာဖွယ် အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၂ ဦးအား တွေ့ရှိခဲ့ရသဖြင့် ကျောက်ဖြူ မြို့မရဲစခန်းသို့ လွှဲပြောင်းစစ်ဆေးခဲ့ကြောင်းကို သတင်းထုတ်ပြန်ထားပြီးဖြစ်သည်။
အဆိုပါ မသင်္ကာဖွယ် ၁၂ ဦးကို လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာတွင် ကျောက်ဖြူမြို့နယ်၊ ပျားတဲကျေးရွာမှအမျိုးသား ၇ ဦး၊ အမျိုးသမီး ၂ ဦး၊ ဦးကင်းကျေးရွာမှ အမျိုးသား ၁ ဦး၊ ဂုံးချိန်ကျေးရွာမှ အမျိုးသား ၁ ဦးနှင့် ကျောက်ဖြူမြို့၊ အရာရှိရပ်ကွက်မှ အမျိုးသား ၁ ဦးတို့ဖြစ် ကြောင်း၊ ၎င်းတို့မှာ AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ပတ်သက်ဆက်နွယ်မှုမရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဇူလိုင် ၁ ရက် နေ့လယ်ပိုင်းတွင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ စနစ် တကျလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

0 comments:

Post a Comment