Monday, July 27, 2020

မြန်မာနိုင်ငံတွင် နှစ်စဉ်တီဘီရောဂါလူနာတစ်သိန်းကိုးသောင်းကျော်ထဲမှ ကုသမှုပေးရန် လူဦးရေငါးသောင်းခန့် ပျောက်ဆုံးနေ

မြန်မာနိုင်ငံတွင်နှစ်စဉ်တီဘီရောဂါလူနာတစ်သိန်းကိုးသောင်းကျော်ထဲမှ ကုသမှုပေးရန် လူဦးရေငါးသောင်းခန့် ပျောက်ဆုံးနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ သိရသည်။
မကွေးတိုင်းဒေသကြီးတွင် ဇူလိုင်လနောက်ဆုံးပတ်အတွင်းကျင်းပသည့် တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ နှစ်ပတ်လည်လုပ်ငန်းဆန်းစစ်ရေးအစည်းအဝေးတွင် မကွေးတိုင်း ဒေသကြီးကုသရေးနှင့် ပြည်သူ့ကျန်း မာရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းလှိုင်ကပြောကြားခဲ့သည်။
“TB ရောဂါဟာ ဦးစားပေးဖြေရှင်းရမဲ့ ပြည်သူ့ကျန်းမာရေးပြဿနာတစ်ရပ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ခန့် မှန်း ခြေ နှစ်စဉ် တီဘီရောဂါလူနာပေါင်း ၁၉၀၀၀၀ ကျော်ခန့် ရှိမယ်လို့ယူဆရပါတယ်။ ဒီထဲမှာမှ ၁၄၀၀၀၀ ခန့်သာ ရှာဖွေနိုင်တာကြောင့် ထပ်မံပြီး တီဘီလူနာ ၅၀၀၀၀ ရှာဖွေရန် လိုအပ်ပါတယ်။ မကွေးတိုင်းဒေသကြီးမှာဆိုရင် ၂၀၁၉ ခုနှစ်မှာ လူဦးရေ၁သိန်းမှာ စုစုပေါင်းတီဘီလူနာ ၁၆၁ ဦးသာ ရှာဖွေနိုင်ပါတယ်”ဟု ၎င်းကပြောသည်။
တီဘီရောဂါသည် မိုက်ကိုဘက်တီးရီယားရောဂါပိုးအမျိုးမျိုးကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး ရောဂါပိုးရှိသူ၏ ချောင်း ဆိုးခြင်း၊ နှာချေခြင်း၊ တံတွေးထွေးခြင်းတို့မှတဆင့် လေထဲတွင် ရောဂါပိုးပြန့်နှံကာ ကူးစက်ခံရခြင်းဖြစ်သည်။
ရောဂါလက္ခဏာများအနေဖြင့် ညနေပိုင်းတွင် တငွေ့ငွေ့ဖျားခြင်း၊ နာတာရှည်ချောင်းဆိုးကာသလိပ်တွင် သွေးပါခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အစားအသောက်ပျက်ကာပိန်ချုံးလာ၍ ကိုယ်အလေးချိန်ကျဆင်းခြင်းတို့ ဖြစ်ပွား နိုင်ကြောင်းသိရသည်။
လက်ရှိတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ TB ရောဂါလူနာများကို DOTS ပေါင်းစပ်ဆေးဝါးများ အခမဲ့ပေးကုသခြင်း၊ အခမဲ့ဓါတ်မှန်ရိုက်ကူးပေခြင်း၊ သလိပ်စစ်ဆေးပေးခြင်းတို့ ပြုလုပ်ပေးလျက်ရှိသည်။
Ref ; People Media

0 comments:

Post a Comment