Wednesday, July 1, 2020

ဧရာဝတီတိုင်းရှိ ပင်လယ်ကမ်းခြေဒေသရှိ ဟိုတယ်နဲ့ တည်းခိုခန်းတွေအပါအဝင် အပန်းဖြေစခန်းတွေကို ဇူလိုင် ၁၅ ရက်အထိ ပိတ်ထားမည်

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံနဲ့ ဂေါ်ရန်ဂျီစတဲ့ ပင်လယ်ကမ်းခြေဒေသရှိ ဟိုတယ်နဲ့ တည်းခိုခန်းတွေအပါအဝင် အပန်းဖြေစခန်းတွေကို ဇူလိုင် ၁၅ ရက်အထိ ထပ်မံတိုးမြှင့်ပိတ်ထားမယ်လို့ တိုင်းအစိုးရအဖွဲ့ရုံးက သိရပါတယ်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကန့်သတ်ပိတ်ပင်ထားတဲ့ စည်းကမ်းချက်တွေ လျှော့ချပေးခဲ့ပေမယ့်လည်း အပန်းဖြေဖို့ ခရီးသွားလာတဲ့ ကမ်းခြေဒေသတွေရှိ ဟိုတယ်နဲ့ တည်းခိုခန်းတွေကို လူစုလူဝေးဖြစ်လာနိုင်လို့ ဆက်လက် ပိတ်ထားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အပန်းဖြေသက်သက်နဲ့ လူစုလူဝေးဖြစ်မှာစိုးလို့ ကမ်းခြေဒေသရှိ ဟိုတယ်နဲ့ တည်းခိုခန်း တွေကို လကုန်ထိပိတ်ထားအုံးမှာဖြစ်ပြီး မြို့ပေါ်ရှိ ဟိုတယ်နဲ့ တည်းခိုခန်းတွေကို ကျန်းမာရေး ဝန်ကြီးဌာနရဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ ပြန်လည်ဖွင့်လှစ်ခွင့်ပေးခဲ့ပြီး ကမ်းခြေဒေသရှိ တည်ခိုးခန်းတွေကိုလည်း စစ်ဆေးတာတွေပြုလုပ်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။
ကမ်းခြေဒေသရှိ ဟိုတယ်နဲ့ တည်းခိုခန်းတွေကို ၁၅ ရက်နေ့အထိ ပိတ်ထားမှာဖြစ်ပေမယ့် ခရီးသည်ယာဉ်လိုင်းတွေကို ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့သလို ပိတ်ပင်ထားတဲ့ စျေးတွေနဲ့ စျေးဆိုင်တွေကို ပြန်လည်ရောင်းချခွင့်ပြုခဲ့ပါတယ်။
>>Zawgyi<<
ဧရာဝတီတိုင်းရှိ ပင်လယ်ကမ်းခြေဒေသရှိ ဟိုတယ်နဲ့ တည်းခိုခန်းတွေအပါအဝင် အပန်းဖြေစခန်းတွေကို ဇူလိုင် ၁၅ ရက်အထိ ပိတ်ထားမည်
Wednesday, July 1, 2020
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံနဲ့ ဂေါ်ရန်ဂျီစတဲ့ ပင်လယ်ကမ်းခြေဒေသရှိ ဟိုတယ်နဲ့ တည်းခိုခန်းတွေအပါအဝင် အပန်းဖြေစခန်းတွေကို ဇူလိုင် ၁၅ ရက်အထိ ထပ်မံ တိုးမြှင့်ပိတ်ထားမယ်လို့ တိုင်းအစိုးရ အဖွဲ့ရုံးက သိရပါတယ်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကန့်သတ်ပိတ်ပင်ထားတဲ့ စည်းကမ်းချက်တွေ လျှော့ချပေးခဲ့ပေမယ့်လည်း အပန်းဖြေဖို့ ခရီးသွားလာတဲ့ ကမ်းခြေဒေသတွေရှိ ဟိုတယ်နဲ့ တည်းခိုခန်းတွေကို လူစုလူဝေးဖြစ်လာနိုင်လို့ ဆက်လက် ပိတ်ထားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အပန်းဖြေသက်သက်နဲ့ လူစုလူဝေးဖြစ်မှာစိုးလို့ ကမ်းခြေဒေသရှိ ဟိုတယ်နဲ့ တည်းခိုခန်း တွေကို လကုန်ထိပိတ်ထားအုံးမှာဖြစ်ပြီး မြို့ပေါ်ရှိ ဟိုတယ်နဲ့ တည်းခိုခန်းတွေကို ကျန်းမာရေး ဝန်ကြီးဌာနရဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ ပြန်လည်ဖွင့်လှစ်ခွင့်ပေးခဲ့ပြီး ကမ်းခြေဒေသရှိ တည်ခိုးခန်းတွေကိုလည်း စစ်ဆေးတာတွေပြုလုပ်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။
ကမ်းခြေဒေသရှိ ဟိုတယ်နဲ့ တည်းခိုခန်းတွေကို ၁၅ ရက်နေ့အထိ ပိတ်ထားမှာဖြစ်ပေမယ့် ခရီးသည်ယာဉ်လိုင်းတွေကို ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့သလို ပိတ်ပင်ထားတဲ့ စျေးတွေနဲ့ စျေးဆိုင်တွေကို ပြန်လည်ရောင်းချခွင့်ပြုခဲ့ပါတယ်။

0 comments:

Post a Comment