Wednesday, July 1, 2020

YBS ယာဉ်မောင်းများ လစာထက်ဝက်လျှော့ချသဖြင့် ယာဉ်မောင်းလေးရာကျော်အလုပ်ထွက်ပြီး သက်ဆိုင်ရာကိုတရားစွဲမည်

ရန်ကုန်တိုင်းအစိုး၏ YBS ကုမ္ပဏီတစ်ခုဖြစ်သည့် YBPC ကုမ္ပဏီက ယာဉ်မောင်းများကို လစာထက်ဝက်လျှော့ချသဖြင့် ယာဉ်မောင်းလေးရာကျော်အလုပ်ထွက်ပြီး သက်ဆိုင်ရာကိုတရားစွဲမည်မည်ဟု အဆိုပါကုမ္ပဏီမှ ယာဉ်မောင်းတစ်ဦးဖြစ်သူ ကိုလေးမင်းကပြောသည်။
YBPCကုမ္ပဏီသည် ရန်ကုန်တိုင်းဒေသကြအစိုးရက ရှယ်ယာအများဆုံးပိုင်ဆိုင်ထားပြီး ယာဉ်လိုင်းအနေနှင့် ၁၂လိုင်းရှိပြီး အဆိုပါယာဉ် ၁၂ လိုင်းတွင် ယာဉ်မောင်းပေါင်း ခြောက်ရာခန့်ရှိပြီး ၎င်းတို့ကို လစာထက်ဝက်လျှော့ ချသဖြင့် လုပ်သားရာပေါင်းများစွာက အလုပ်ထွက်မည်ဟုကနဦးသတင်းအရ သိရှိရသည်။
"အစိုးရကုမ္ပဏီဆိုပြီး လုပ်သားတွေကို လုပ်ချင်ရာလုပ်နေတယ် ၊ ဒီလကစပြီးလစာထက်ဝက်လျှော့မယ်ဆိုတော့ ကျွန်တော်တို့က စာချုပ်စာတမ်းနဲ့ အလုပ်ဝင်ထားသူတွေလေ။ ဒီတော့သက်ဆိုင်ရာကိုတရားစွဲမယ်"ဟု ယာဉ်မောင်းကိုလေးမင်းကပြောသည်။
လက်ရှိယာဉ်မောင်းအများစုက အလုပ်ထွက်မည်ဖြစ်သောကြောင့် ခရီးသွားများလည်းအခက်အခဲဖြစ်နေသည်ဟုသိရသည်။
"ကျွန်တော်တို့က ၁၂လိုင်းရှိတယ် ၊ ၆၂ရယ် ၊ ၈၈ရယ် ၊ ၈၇ရယ်က ၊ကျွန်တော်တို့သုံးလိုင်းပေါ့ ၆၂မှာ ၄၅စီးရှိတယ် ၊ ၈၈က ၅၅စီးရှိတယ် ၊ အဲ့နှစ်လိုင်းတောင် ယာဉ်မောင်း ၁၅၀လောက်ရှိတယ် ၊ ၈၇မှာ အစီး၆၀ရှိတယ် ၊ အဲ့မှာအစီး၂၁၀လောက်ရှိတာမှာ ကားလေးဆယ့်လေးငါးစီးပဲထွက်တော့ ခရီးသွားတွေလည်းအဆင်မပြေနိုင်ဘူး"ဟု ကိုလေးမင်း ကပြောသည်။
လက်ရှိအစိုးရ၏ရှယ်ယာအများဆုံးပါဝင်သည့်YBPCကုမ္ပဏီကယာဉ်မောင်းများကိုလစာထက်ဝက်လျှော့ချသဖြင့် သက်ဆိုင်ရာကို ယာဉ်မောင်းများကတရားစွဲရန်ပြင်ဆင်နေပြီးအစိုးရ၏ရှယ်ယာအများဆုံးပါဝင်သည့်YUPTကုမ္ပဏီကရှယ်ယာရှင်များကလည်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းအပါအဝင် တာဝန်ရှိသူများကို လာမည့်အပတ်တွင်တရားစွဲမည်ဟုသိရသည်။
crd-TheFifthWave #Myanmar_Online_News
>>Zawgyi<<
YBS ယာဉ်မောင်းများ လစာထက်ဝက်လျှော့ချသဖြင့် ယာဉ်မောင်းလေးရာကျော်အလုပ်ထွက်ပြီး သက်ဆိုင်ရာကိုတရားစွဲမည်
Wednesday, July 1, 2020
ရန်ကုန်တိုင်းအစိုး၏ YBS ကုမ္ပဏီတစ်ခု ဖြစ်သည့် YBPCကုမ္ပဏီကယာဉ်မောင်းများကို လစာထက်ဝက်လျှော့ချသဖြင့် ယာဉ်မောင်းလေးရာကျော်အလုပ်ထွက်ပြီး သက်ဆိုင်ရာကိုတရားစွဲမည်မည်ဟု အဆိုပါကုမ္ပဏီမှ ယာဉ်မောင်းတစ်ဦးဖြစ်သူ ကိုလေးမင်းကပြောသည်။
YBPCကုမ္ပဏီသည် ရန်ကုန်တိုင်းဒေသကြအစိုးရက ရှယ်ယာအများဆုံးပိုင်ဆိုင်ထားပြီး ယာဉ်လိုင်းအနေနှင့် ၁၂လိုင်းရှိပြီး အဆိုပါယာဉ် ၁၂ လိုင်းတွင် ယာဉ်မောင်းပေါင်း ခြောက်ရာခန့်ရှိပြီး ၎င်းတို့ကို လစာထက်ဝက်လျှော့ ချသဖြင့် လုပ်သားရာပေါင်းများစွာက အလုပ်ထွက်မည်ဟုကနဦးသတင်းအရ သိရှိရသည်။
"အစိုးရကုမ္ပဏီဆိုပြီး လုပ်သားတွေကို လုပ်ချင်ရာလုပ်နေတယ် ၊ ဒီလကစပြီးလစာထက်ဝက်လျှော့မယ်ဆိုတော့ ကျွန်တော်တို့က စာချုပ်စာတမ်းနဲ့ အလုပ်ဝင်ထားသူတွေလေ။ ဒီတော့သက်ဆိုင်ရာကိုတရားစွဲမယ်"ဟု ယာဉ်မောင်းကိုလေးမင်းကပြောသည်။
လက်ရှိယာဉ်မောင်းအများစုက အလုပ်ထွက်မည်ဖြစ်သောကြောင့် ခရီးသွားများလည်းအခက်အခဲဖြစ်နေသည်ဟုသိရသည်။
"ကျွန်တော်တို့က ၁၂လိုင်းရှိတယ် ၊ ၆၂ရယ် ၊ ၈၈ရယ် ၊ ၈၇ရယ်က ၊ကျွန်တော်တို့သုံးလိုင်းပေါ့ ၆၂မှာ ၄၅စီးရှိတယ် ၊ ၈၈က ၅၅စီးရှိတယ် ၊ အဲ့နှစ်လိုင်းတောင် ယာဉ်မောင်း ၁၅၀လောက်ရှိတယ် ၊ ၈၇မှာ အစီး၆၀ရှိတယ် ၊ အဲ့မှာအစီး၂၁၀လောက်ရှိတာမှာ ကားလေးဆယ့်လေးငါးစီးပဲထွက်တော့ ခရီးသွားတွေလည်းအဆင်မပြေနိုင်ဘူး"ဟု ကိုလေးမင်း ကပြောသည်။
လက်ရှိအစိုးရ၏ရှယ်ယာအများဆုံးပါဝင်သည့်YBPCကုမ္ပဏီကယာဉ်မောင်းများကိုလစာထက်ဝက်လျှော့ချသဖြင့် သက်ဆိုင်ရာကို ယာဉ်မောင်းများကတရားစွဲရန်ပြင်ဆင်နေပြီးအစိုးရ၏ရှယ်ယာအများဆုံးပါဝင်သည့်YUPTကုမ္ပဏီကရှယ်ယာရှင်များကလည်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းအပါအဝင် တာဝန်ရှိသူများကို လာမည့်အပတ်တွင်တရားစွဲမည်ဟုသိရသည်။
crd-TheFifthWave #Myanmar_Online_News

0 comments:

Post a Comment