Wednesday, July 1, 2020

အီရန်နိုင်ငံ ဆေးရုံတစ်ခုမှာ ပေါက်ကွဲ မီးလောင်မှု၍ လူ ၁၉ ဦး သေဆုံး

အီရန်နိုင်ငံ တီဟီရန်မြို့တော် မြောက်ပိုင်းရှိ ဆေးရုံတစ်ခုမှာ ဇွန်လ ၃၀ ရက်က ဓါတ်ငွေ့ယိုစိမ့်မှုကနေ ပေါက်ကွဲ မီးလောင်မှုဖြစ်ခဲ့တာကြောင့် လူ ၁၉ ဦးသေဆုံးခဲ့ကာ အများအပြား ဒဏ်ရာရခဲ့တယ်လို့ အီရန် တာဝန်ရှိသူတွေက ပြောဆိုပါတယ်။
မြို့တော်ရဲ့ အသွားအလာထူပြောရာ နေရာတစ်ခုဖြစ်တဲ့ Tajirsh ရင်ပြင်အနီးနားက Sina Athar ဆေးရုံမှာ ပေါက်ကွဲမီးလောင်မှုဖြစ်ခဲ့တာလို့ နောက်ပိုင်းမှာ အရေးပေါ် တုံ့ပြန်ရေးဌာနတွေက ပြောဆိုပါတယ်။ ဆေးဘက်ဆိုင်ရာအတွက် အသုံးပြုတဲ့ ဂတ်စ်အိုးတွေကနေ ပေါက်ကွဲမီးလောင်မှုဖြစ်ခဲ့ဖွယ်ရှိတယ်လို့လည်း ၎င်းတို့က ပြောဆိုပါတယ်။
ဖြစ်စဉ်အတွင်း အမျိုးသား ၁၅ ဦး အမျိုးသမီး ၄ ဦး စုစုပေါင်း လူ ၁၉ ဦး ထက်မနည်းသေဆုံးခဲ့တယ်လို့ အရေးပေါ်ဌာနက အတည်ပြုခဲ့ကြောင်း သိရပါတယ်။
အီရန်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု ဆိုးဝါးနေတဲ့ နိုင်ငံတွေထဲ ပါဝင်ပြီး ပိုးကူးလူနာ ၂၂၅၀၀၀ ဦးနဲ့ သေဆုံးသူ ၁၀၇၀၀ ရှိနေကြောင်း သိရပါတယ်။

crd-အကုန်သိ #Myanmar_Online_News
>>Zawgyi<<

crd-အကုန္သိ #Myanmar_Online_News

0 comments:

Post a Comment