Friday, July 3, 2020

တရုတ် အပလီကေးရှင်းတွေကို ပိတ်ပင်လိုက်ပြီးနောက် အိန္ဒိယဝန်ကြီးချုပ် မိုဒီက ၎င်း၏ Weibo အကောင့်ကို ဖျက်သိမ်း

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီဟာ တရုတ်ရဲ့ တွစ်တာပုံစံ လူမှုကွန်ရက် Sina Weibo မှာဖွင့်ထားတဲ့ သူရဲ့ အကောင့်ကို ဖျက်သိမ်းလိုက်ပြီဖြစ်တယ်လို့ အိန္ဒိယ အစိုးရ သတင်းရင်းမြစ်တစ်ခုနဲ့ Weibo ကုမ္ပဏီတို့က ပြောဆိုပါတယ်။ နယ်စပ်မှာ နှစ်ဖက်တပ်တွေ ပဋိပက္ခဖြစ်ပြီးနောက် နှစ်နိုင်ငံအကြား တင်းမာမှုတွေ ဆက်ရှိနေတာဖြစ်ပါတယ်။
၂၀၁၅ ခုနှစ်က တရုတ်ပြည်ခရီးစဉ်အတွင်း Weibo မှာ ပထမဆုံးအကြိမ် ပို့စ်တင်ခဲ့တဲ့ မိုဒီဟာ တရုတ် ဆိုရှယ်မီဒီယာ ပလက်ဖောင်းမှာ ပြတ်တောင်းပြတ်တောင်း အသုံးပြုသူတစ်ဦး ဖြစ်ခဲ့ပါတယ်။ အကောင့် မပိတ်ခင် သူ့မှာ follower ၂၀၀၀၀၀ နဲ့ ပို့စ်ပေါင်း ၁၀၀ ခန့်ရှိခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့ ညပိုင်းမှာ အကောင့်ပိတ်သွားပြီဖြစ်ကြောင်း Sina Weibo က ကြေညာခဲ့ပါတယ်။ နှစ်နိုင်ငံအကြား နယ်စပ်တပ်တွေ တိုက်ခိုက်မှု ပေါ်ပေါက်အပြီးမှာ အိန္ဒိယက Sina Weibo နဲ့ ByteDance တို့ရဲ့ Tiktok အပါ အဝင် တရုတ် အပလီကေးရှင်း ဒါဇင်ချီကို ပိတ်ပင်ခဲ့ပါတယ်။ ယင်းသို့ ပိတ်ပင်အပြီး ရက်ပိုင်းအကြာမှာ မိုဒီရဲ့ အကောင့်ကို ပယ်ဖျက်လိုက်တာလည်း ဖြစ်ပါတယ်။
Weibo အကောင့် အသုံးပြုတဲ့ လက်တစ်ဆုပ်စာ ပြည်ပ ခေါင်းဆောင်တွေထဲမှာ မိုဒီလည်းပါဝင်တာဖြစ်ပါတယ်။
Ref ; Akon Thi

0 comments:

Post a Comment