Thursday, July 2, 2020

ပြည်ထောင်စုဝန်ကြီးဌာန၊ ရုံးများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားအိမ်ရာတိုက်ခန်း ဝယ်ယူလိုပါက လျှောက်ထားနိုင်ကြောင်း ကြေညာခြင်း

၁။ အငြိမ်းစားဝန်ထမ်းအိမ်ရာများ တည်ဆောက်ရေးဦးစီးကော်မတီ၏ ကြီးကြပ်မှုဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ ပျဉ်းမနား-တောင်ညိုလမ်းဘေး (မြို့မဈေးအနီး) မြေဧရိယာ (၂၃၀)ဧကပေါ်တွင် (၆၅၀)စတုရန်းပေ အကျယ်ရှိသော (၄)ခန်းတွဲ (၄)ထပ်၊ အိပ်ခန်း (၂)ခန်း၊ အခန်းပေါင်း (၃၀၀၀)တည်ဆောက်မည်ဖြစ်ပါ၍ အငြိမ်းစားဝန်ထမ်းများ အပြင် ပြည်ထောင်စုဝန်ကြီးဌာန၊ ရုံးများတွင် တာဝန်ထမ်းဆောင်နေသော အရာထမ်း၊ အမှုထမ်း ဝန်ထမ်းများကိုလည်း ရောင်းချပေးသွားမည်ဖြစ်ပါသည်။
၂။ ထိုသို့ ရောင်းချခဲ့ရာ အငြိမ်းစားဝန်ထမ်းများမှ (၁-၆-၂၀၂၀)ရက်နေ့မှ (၃၀-၆-၂၀၂၀) ရက်နေ့အထိ ရောင်းချခဲ့ရာ မြေညီထပ်နှင့် ပထမထပ်အခန်းများအားလုံး ဝယ်ယူသွားပြီးဖြစ်ပါသဖြင့် ဒုတိယထပ်နှင့် တတိယထပ်အခန်းလက်ကျန်များကို လျှောက်လွှာအမှတ်စဉ်အလိုက် ဦးစားပေး အစီအစဉ်ဖြင့် ရောင်းချသွားမည် ဖြစ်ပါသည်။
၃။ အငြိမ်းစားဝန်ထမ်းအိမ်ရာ လျှောက်ထားလိုသူများသည် ပူးတွဲ(က)နှင့်(ခ)ပါ လျှောက်လွှာ ပုံစံများတွင် ဖြည့်စွက်၍ သက်ဆိုင်ရာဌာန၏ ဝန်ထမ်းဖြစ်ကြောင်း ထောက်ခံချက်နှင့်အတူ အငြိမ်းစားဝန်ထမ်းအိမ်ရာများ စိစစ်နေရာချထားရေးဆပ်ကော်မတီ၊ မြို့တော်ခန်းမ၊ နေပြည်တော် သို့ လိပ်မူ၍ (၃၁-၇-၂၀၂၀)ရက်နေ့ နောက်ဆုံးထားပေးပို့ပါရန်နှင့် အငြိမ်းစားဝန်ထမ်းအိမ်ရာ တိုက်ခန်းများကို ဘဏ်ချေးငွေဖြင့် ဝယ်ယူလိုသူများအနေဖြင့် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်နှင့် ချိတ်ဆက်၍ တိုက်ခန်းချေးငွေရယူနိုင်ရေး ပူးတွဲပါအတိုင်း ဆောင်ရွက်နိုင်ပါသည်။
၄။ အငြိမ်းစားဝန်ထမ်းအိမ်ရာများ စိစစ်နေရာချထားရေးဆပ်ကော်မတီသို့ ပေးပို့လာ သည့် လျှောက်လွှာအမည်စာရင်းများကို အငြိမ်းစားဝန်ထမ်းအိမ်ရာများ တည်ဆောက်ရေးဦးစီး ကော်မတီသို့ တင်ပြအတည်ပြုချက်ရယူပြီး ကျန်ရှိတိုက်ခန်းအရေအတွက်အား လျှောက်ထား သည့် လျှောက်လွှာအမှတ်စဉ်အလိုက် ဦးစားပေး၍ စိစစ်ပြီး တိုက်ခန်းဝယ်ယူခွင့်ရရှိသူများ စာရင်းများအား ထုတ်ပြန်ကြေညာသွားမည် ဖြစ်ပါသည်။
(အငြိမ်းစားဝန်ထမ်းအိမ်ရာများ စိစစ်နေရာချထားရေးဆပ်ကော်မတီ)

Crd : NPTDC Webportal #Myanmar_Online_News

0 comments:

Post a Comment