Thursday, July 2, 2020

လုပ်ကြံစွပ်စွဲခံရခြင်းသာဖြစ်ပြီး တရားနည်းလမ်းအတိုင်း ရင်ဆိုင်ဖြေရှင်းသွားမည်ဖြစ်ကြောင်း အိမ်အကူမိန်းကလေးအား အဓမ္မပြုကျင့်နှိပ်စက်မှုဖြင့် စွပ်စွဲခံရသည့် သရုပ်ဆောင် မင်းရာဇာ ပြောကြား

အိမ်အကူမိန်းကလေးအား အဓမ္မ​​ပြုကျင့်နှိပ်စက်မှုဖြင့် စွပ်စွဲခံရခြင်းသည် လုပ်ကြံစွပ်စွဲခံရခြင်းသာဖြစ်ပြီး တရားနည်းလမ်းအတိုင်း ရင်ဆိုင်ဖြေရှင်းသွားမည်ဖြစ်ကြောင်း သရုပ်ဆောင် မင်းရာဇာက ရုံးချိန်းပြန်အထွက်၌ ပြောကြားခဲ့သည်။
အိမ်အကူကို အဓမ္မပြုကျင့်နှိပ်စက်မှု စသည့် ပုဒ်မတို့ဖြင့်တရားရင်ဆိုင်နေရသည့် မင်းရာဇာပါ ၃ ဦးတို့အမှုကို ဇူလိုင်(၂) ရက်၌ မြောက်ဥက္ကလာပမြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့သော်လည်း တရားလိုဖြစ်သည့်အဓမ္မပြုကျင့်ခံရသူ၏မိခင်ဒေါ်သင်းသင်းခိုင် ရောက်မလာသဖြင့် မစစ်ဆေးဖြစ်ခဲ့ပေ။
"ဒီအမှုတစ်ခုလုံးကို မှုခင်းစီမံခန့်ခွဲမှုအစီအစဥ်နဲ့ စစ်ဆေးဆောင်ရွက်သွားမှာ ဖြစ်တဲ့အတွက် အမှုစစ်မြို့နယ်တရားသူကြီးကနေပြီးတော့ နှစ်ဖက်ရှေ့နေတွေကို လိုအပ်တဲ့ပုံစံလေးတွေနဲ့ အသိပေးခဲ့တာတွေတော့ရှိတယ်။ တရားလိုဘက်က လာရောက်ခြင်းမရှိတဲ့အတွက် နောက်ရုံးချိန်းမှာ ပြန်လည်စစ်ဆေးသွားမှာပါ " ဟု ​ေမြာက်ဥက္ကလာပမြို့နယ်ပြန်ကြားရေးတာဝန်ခံ တွဲဖက်တရားသူကြီး ဦးဇေယျာဦးက ပြောသည်။
စွပ်စွဲခံရသူအချုပ်တရားခံ မင်းရာဇာ၏ဇနီးဖူးငုံပွင့်၌ ကိုယ်ဝန်(၅)လ လွယ်ထားရပြီး မတရားလုပ်ကြံခံရသည့်၎င်းတို့အမှုကို တရားနည်းလမ်းဖြင့် ရင်ဆိုင်ဖြေရှင်းမည်ဟု မင်းဇာရာတို့ဇနီးမောင်နှံက ပြောသည်။
"ကျွန်တော်တို့မှာလည်း သားသမီးရှိတယ်၊ ကိုယ်ချင်းစာတတ်တယ်လေ။ အခုကိစ္စကလုပ်ကြံစွပ်စွဲခံရတာပါ။ လက်ရှိကျွန်တော့်မိန်းမဆီမှာလည်း ကိုယ်ဝန် ၅ လလွယ်ထားရတယ်။ ငွေပေးညှိနှိုင်းတာလည်း မရှိဘူး။သူ့(အိမ်အကူ)ကို ကျွန်တော်တို့သမီးလေးတစ်ယောက်လိုစောင့်ရှောက်ခဲ့တာပါ။ဒီတရားစွပ်စွဲမှုအတွက် တရားဥပဒေအတိုင်းဖြေရှင်းသွားမယ်" ဟု သရုပ်ဆောင်မင်းရာဇာက
ရုံးထုတ်အပြန်တွင် ပြောသည်။
၁၄ နှစ်အရွယ် ၎င်းတို့၏အိမ်အကူမိန်းကလေးကိုအဓမ္မပြုကျင့်နှိပ်စက်မှုဖြင့် မင်းရာဇာအပေါ် အဓမ္မပြုကျင့်မှုပုဒ် - ၃၇၆ ဖြင့် အရှေ့ပိုင်းခရိုင်၌အမှုဖွင့်ထားပြီး ထပ်မံ၍မြောက်ဥက္ကလာပမြို့နယ်တရားရုံးတွင် ပုဒ်မ - ၃၇၆/၃၄ ဖြင့် ၎င်းတို့ ၃ ဦးကို တရားစွဲတင်ထားသည့်အပြင် အိမ်အကူကိုထိခိုက်နာကျင်စေသူမင်းရာဇာ၏ယောက္ခမကိုလည်း ပုဒ်မ - ၃၂၅ ဖြင့် အမှုဖွင့်ကာ အာမခံပေးထားကြောင်း သိရသည်။
"မင်းရာဇာပါ ၃ ဦးနဲ့ စွပ်စွဲခံရသူအားလုံးရှေ့နေတွေလာရောက်ခဲ့ပေမယ့် တရားလိုဒေါ်သင်းသင်းခိုင်မရောက်လာပါဘူး။ စွဲထားတဲ့ ပုဒ်မတစ်ခုစီမှာ တရားလိုပြသက်သေ ၁၄ ဦးစီတင်သွင်းထားပါတယ်။ လာမယ့် ဇူလိုင် ၁၃ ရက်နေ့မှာ ပြန်လည်စစ်ဆေးဖို့ ရက်ချိန်းပေးထားပါတယ်"ဟု ​ေမြာက်ဥက္ကလာပမြို့နယ်ပြန်ကြားရေးတာဝန်ခံ တွဲဖက်တရားသူကြီး ဦးဇေယျာဦးက ပြောသည်။

0 comments:

Post a Comment