Friday, July 3, 2020

မင်းလှမြို့နယ် မလွန်ရေခါးပရိယတ္တိစာသင်တိုက်တွင် ကိန်းဝပ်စံပါယ်တော်မူမည့် ဉာဏ်တော်(၉)ပေရှိ ဆင်းတု တော်ကို နေရာချထားရန်အတွက် တပ်မတော်က ပူးပေါင်းဆောင်ရွက်

မကွေးတိုင်း မင်းလှမြို့နယ် မလွန်ကျေးရွာအုပ်စု ရေခါးကျေးရွာ ပရိယတ္တိစာသင်တိုက်တွင် ကိန်းဝပ်စံပါယ်တော် မူမည့်ဉာဏ်တော်(၉)ပေရှိ ဗုဒ္ဓရုပ်ပွားကို ဇူလိုင် ၂ ရက် နံနက်ပိုင်းက မလွန်ရေခါးစာသင်တိုက်သို့ ပင့်ဆောင် လာကြသည်။
ဉာဏ်တော်(၉)ပေရှိဗုဒ္ဓရုပ်ပွားတော်ကို မင်းလှမြို့စည်ပင်သာယာရေးကော်မတီဥက္ကဌဦးကြည်ဌေးက လှုဒါန်း ပေးခဲ့ခြင်းဖြစ်ပြီး ရုပ်ပွားတော်ထုလုပ်ပြင်ဆင်ချိန်အချိန်(၃)လကြာမြင့်ခဲ့သည်။
ဗုဒ္ဓရုပ်ပွားတော်ကို မလွန်ရေခါး စာသင်တိုက်ရှိ အသစ်ဆောက်လုပ်ထားသော သာသနာ့ဗိမ္မာန်တော်ကြီး အတွင်း ကိန်းဝပ်စံပါယ်သွားမည်ဖြစ်ပြီး တပ်မတော်မှ ရုပ်ပွာတော်ကို နေရာရောက်ရှိရေး ကူညီဆောင်ရွက် ပေးနေလျှက်ရှိသည်။
“တပ်မတော်က လူအင်အားနဲ့စက်ယန္တယားပါဝင်ကူညီပေးရတာပါ၊ဗိမ္မာန်တော်ဝင်ပေါက် နဲ့ ရုပ်ပွားတော် ရဲ့ ဉာဏ်တော်က အမြင့်ပေချင်းတူနေတော့ ဗိမ္မာန်တော်ဝင်ပေါက်ကို GE တပ်က လာရောက်ပြင်ဆင်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်နေပါတယ်”ဟု ပါဝင်ကူညီခဲ့သူ အမှတ်(၁၀)ကာကွယ်ရေးပစ္စည်းစက်ရုံမှ တပ်မတော် သားတစ်ဦးကပြောသည်။
ရုပ်ပွားတော်ကို မန္တလေးတိုင်း မတ္တရာမြို့နယ်တွင်းသွားရောက်သွန်းထုခဲ့ခြင်းဖြစ်ပြီး ငွေကျပ်သိန်း ၁၅၀ ခန့် ကုန်ကျခဲ့သည်။
သက်နောင်(မင်းလှ)
Ref ; People Media

0 comments:

Post a Comment