ဇူလိုင်လ (၂၆) ရက်နေ့ ညနေ ၄ နာရီခန့်တွင် ကျောက်တံခါးမြို့နယ်၌ တစ်နာရီလျှင် ၃၅ မိုင်နှုန်းဖြင့်လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ချောင်းကျေးရွာ၊ တောင်ပေါ်စုကျေးရွာ၊ ဂွေးကုန်းကျေးရွာ၊ ဝိုင်းကြီးကျေးရွာ၊ ကင်းရွာကျေးရွာနှင့် ဆီဆုံကုန်းကျေးရွာတို့ရှိ နေအိမ် ၅၄ လုံး၊ ကျေးလက်ဆေးပေးခန်း ၁ လုံး၊ စာသင်ကျောင်း ၃ ကျောင်း၊ ဘုန်းကြီး ကျောင်း ၂ ကျောင်းတို့အား သစ်ပင်လဲပြိုပိခြင်းနှင့် အမိုးလန် ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လေဘေးသင့်ဒေသခံပြည်သူများအား ၎င်းတို့နှင့် နီးစပ်ရာဆွေမျိုးများထံသို့ နယ်မြေခံတပ်မတော်သားများမှ ကူညီရွှေ့ပြောင်းပေးလျက်ရှိကြောင်းနှင့် လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သတင်းရရှိသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့
0 comments:
Post a Comment