Wednesday, July 1, 2020

မြန်မာနိုင်ငံမှ ကျွဲ၊နွား တစ်နှစ်လျှင်ကောင်ရေ ငါးသန်းဝယ်ယူရန် ဥရောပအခြေစိုက် တရုတ်ကုမ္ပဏီကကမ်းလှမ်း

ဥရောပအခြေစိုက် တရုတ်ကုမ္ပဏီတစ်ခုက မြန်မာနိုင်ငံမှ တစ်နှစ်လျှင် ကျွဲ၊နွား အကောင်ရေ တစ်သန်းမှ ငါးသန်းအထိဝယ်ယူရန် ကမ်းလှမ်းထားကြောင်း မကွေးတိုင်း မွေးမြူရေး နှင့်ကုသရေးဦးစီးဌာန တိုင်းဦးစီး မှူးဒေါက်တာ မောင်မောင်စိုးဦး က ပြောသည်။
တရုတ်နိုင်ငံ အကောက်ခွန်ဦးစီးဌာနမှတစ်ဆင့် ဇွန်လအတွင်း ကမ်းလှမ်းလာခြင်းဖြစ်ပြီး တရုတ်သမ္မတ မြန်မာနိုင်ငံသို့ ရောက်စဉ်ကလည်း မွေးမြူရေးလုပ်ငန်းနှင့်ပတ်သက်ပြီး နှစ်နိုင်ငံ စီးပွားရေး၊ ကူးသန်းရောင်းဝယ် ရေးတို့ကို သဘောတူလက်မှတ် ရေးထိုးခဲ့ကြောင်း ၎င်းကပြော သည်။
သို့သော် ပြည်ပတင်ပို့ရောင်း ချမှုကြောင့် ပြည်တွင်း ကျွဲ၊ နွား မျိုးမသုဉ်းစေရန် နွားအထီးအ ကောင်တစ်ရာရောင်းချလိုလျှင် သားစပ်မျိုးပွားနိုင်သည့် နွားအမ အကောင်တစ်ရာ ရှိရမည်ဖြစ် သည်။
မင်းဘူး စကုမြို့နယ်မှ နွားမွေးမြူရေးလုပ်ငန်းရှင်တစ်ဦးက ‘‘ကိုဗစ်ကာလမှာ မွေးမြူရေး သမားတွေ ဈေးကွက်မရှိတော့ စီးပွားရေးတော်တော်ထိခိုက်သွားတယ်။ နွားမွေးမြူထိန်းသိမ်းထား ရတဲ့စရိတ်တွေ၊ အလုပ်သမားစရိတ်တွေဝန်ပိကုန်တယ်။ ခုလို ခိုင်မာတဲ့ပြည်ပဝယ်လက်ရမယ် ဆိုရင်တော့ အများကြီးဝမ်းသာ စရာပါ’’ဟု ပြောသည်။
ပြည်ပသို့ တင်ပို့ရောင်းချ ရာတွင် မြန်မာနိုင်ငံ၏လယ်ယာ လုပ်ငန်းများမထိခိုက်စေရေး နွား ထီးမှာ အသက် (၅)နှစ်အထက် သားကြောဖြတ်ထားရမည်ဖြစ်သလို နွားမမှာ အသက်(၃)နှစ်မှ(၈) နှစ်အတွင်း ဖြစ်ရမည်ဖြစ်ကြောင်း ဒေါက်တာမောင်မောင်စိုးဦးက ပြောသည်။
crd-7daynews #Myanmar_Online_News
>>Zawgyi<<
မြန်မာနိုင်ငံမှ ကျွဲ၊နွား တစ်နှစ်လျှင်ကောင်ရေ ငါးသန်းဝယ်ယူရန် ဥရောပအခြေစိုက် တရုတ်ကုမ္ပဏီကကမ်းလှမ်း
Wednesday, July 1, 2020
ဥရောပအခြေစိုက် တရုတ်ကုမ္ပဏီတစ်ခုက မြန်မာနိုင်ငံမှ တစ်နှစ်လျှင် ကျွဲ၊နွား အကောင်ရေ တစ်သန်းမှ ငါးသန်းအထိ ဝယ်ယူရန် ကမ်းလှမ်းထားကြောင်း မကွေးတိုင်း မွေးမြူရေး နှင့်ကုသရေးဦးစီးဌာန တိုင်းဦးစီး မှူးဒေါက်တာ မောင်မောင်စိုးဦး က ပြောသည်။
တရုတ်နိုင်ငံ အကောက်ခွန် ဦးစီးဌာနမှတစ်ဆင့် ဇွန်လအ တွင်း ကမ်းလှမ်းလာခြင်းဖြစ်ပြီး တရုတ်သမ္မတ မြန်မာနိုင်ငံသို့ ရောက်စဉ်ကလည်း မွေးမြူရေး လုပ်ငန်းနှင့်ပတ်သက်ပြီး နှစ်နိုင်ငံ စီးပွားရေး၊ ကူးသန်းရောင်းဝယ် ရေးတို့ကို သဘောတူလက်မှတ် ရေးထိုးခဲ့ကြောင်း ၎င်းကပြော သည်။
သို့သော် ပြည်ပတင်ပို့ရောင်း ချမှုကြောင့် ပြည်တွင်း ကျွဲ၊ နွား မျိုးမသုဉ်းစေရန် နွားအထီးအ ကောင်တစ်ရာရောင်းချလိုလျှင် သားစပ်မျိုးပွားနိုင်သည့် နွားအမ အကောင်တစ်ရာ ရှိရမည်ဖြစ် သည်။
မင်းဘူး စကုမြို့နယ်မှ နွား မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးက ‘‘ကိုဗစ်ကာလမှာ မွေးမြူရေး သမားတွေ ဈေးကွက်မရှိတော့ စီး ပွားရေးတော်တော်ထိခိုက်သွားတယ်။ နွားမွေးမြူထိန်းသိမ်းထား ရတဲ့စရိတ်တွေ၊ အလုပ်သမား စရိတ်တွေဝန်ပိကုန်တယ်။ ခုလို ခိုင်မာတဲ့ပြည်ပဝယ်လက်ရမယ် ဆိုရင်တော့ အများကြီးဝမ်းသာ စရာပါ’’ဟု ပြောသည်။
ပြည်ပသို့ တင်ပို့ရောင်းချ ရာတွင် မြန်မာနိုင်ငံ၏လယ်ယာ လုပ်ငန်းများမထိခိုက်စေရေး နွား ထီးမှာ အသက် (၅)နှစ်အထက် သားကြောဖြတ်ထားရမည်ဖြစ်သ လို နွားမမှာ အသက်(၃)နှစ်မှ (၈) နှစ်အတွင်း ဖြစ်ရမည်ဖြစ်ကြောင်း ဒေါက်တာမောင်မောင်စိုးဦးက ပြောသည်။
crd-7daynews #Myanmar_Online_News

0 comments:

Post a Comment