Monday, July 27, 2020

အမျိုးသားရေး လှုပ်ရှားသူ ဒေါ်ခင်ဝိုင်းကြည် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု အဖြစ် ရန်ကုန်တိုင်းမှ ဝင်ရောက်ယှဉ် ပြိုင်မည်

အမျိုးသားရေးတက်ကြွလှုပ်ရှားသူဖြစ်သည့် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ခင်ဝိုင်းကြည်သည် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုအဖြစ် ရန်ကုန်တိုင်းဒေသကြီးမှ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်လျက်ရှိသည်။
ဒေါ်ခင်ဝိုင်းကြည်သည် လာမည့်ရွေးကောက်ပွဲ၌ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တစ်ခုမှ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်ထားသော်လည်း ဝင်ရောက်ယှဉ်ပြိုင်မည့် မြို့နယ်ကို ထုတ်ဖော်ပြောဆိုရင်း ငြင်းဆန်ခဲ့သည်။
“ရန်ကုန်က ဝင်မှာပါ ပြည်သူ့လွှတ်တော်ကပါ”လို့ ဒေါ်ခင်ဝိုင်းကြည်က ပြောသည်။ ဒေါ်ခင်ဝိုင်းကြည်သည် ယခင်က NDF ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ခဲ့ပြီး မျိုးစောင့်ဥပဒေ အတည်ပြုနိုင်ရေးအတွက် လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ လှုပ်ရှားဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်သည်။
ထို့အတူ တပ်မတော်ထောက်ခံပွဲ၊ အမျိုးသားရေးလှုပ်ရှားမှု၊ ဘင်္ဂလီအရေးစသည့် ဆန္ဒထုတ်ဖော်မှု၌ တက်ကြွစွာ ပါဝင်ခဲ့သည်။
Ref ; People Media

0 comments:

Post a Comment