အီလက်ထရောနစ်စာပို့စနစ်နဲ့ ဒီဂျစ်တယ်သက်သေခံဆိုင်ရာအခြေခံဆိုင်ရာ အဆောက်အဦးစနစ် စီမံကိန်း ဆောင်ရွက်ဖို့ ယူရို(၅)သန်းကျော် အသုံးပြုသွားမယ်လို့ ဒီနေ့ဇူလိုင်(၂၇)ရက်နေ့ ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်ကနေ သိရပါတယ်။
ဩစတီးယားနိုင်ငံ Unicredit Bank ဘဏ်ကနေ ထောက်ပံ့ငွေ ယူရို (ဝ.၈၆၁) သန်းနဲ့ အတိုးမဲ့ချေးငွေ ယူရို (၄.၈၇၆)သန်း စုစုပေါင်း(၅.၇၃၇) သန်းရယူဖို့ နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်ကို ပေးပို့ခဲ့တာပဲ ဖြစ်ပါတယ်။
ဒီစီမံကိန်းမှာတော့ အီမေးလ်အကောင့် (၁၀၀၀၀) တိုးချဲ့တာနဲ့ Public Key Infrastrucutre( PKI) စနစ် တည်ဆောက်တာတွေပါဝင်တယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက ဒီနေ့ပြည်ထောင်စုလွှတ်တော်မှာ ရှင်းလင်းခဲ့ပါတယ်။
အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ အခမဲ့အသုံးပြုနိုင်တဲ့ အီးမေးလ်တွေကို အသုံးပြုတော့မှာမဟုတ်ဘဲ ကိုယ်ပိုင်ဒိုမိန်း(domain)နဲ့ တည်ဆောက်ထားတဲ့အကောင့်တွေကို gov.mm ဒါမှမဟုတ် သက်ဆိုင်ရာဌာနရဲ့ ဒိုမိန်းနဲ့ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။
ချေးငွေကို (၂၄) နှစ် ပြန်ဆပ်ရမှာဖြစ်ပြီးတော့ ဆိုင်းငံ့ကာလ (၇)နှစ် နဲ့ (၆) လ၊ ပြန်ဆပ်ကာလ(၁၆)နှစ်(၆) လ မှာ အတိုးမဲ့ဖြစ်ပေမဲ့လို့ အာမခံကြေးအဖြစ် (ဝ.၉) ရာခိုင်နှုန်းကို တစ်နှစ်ကို (၄) ကြိမ် ပေးချေရမယ်လို့ သိရပါတယ်။
Ref ; O Media
0 comments:
Post a Comment