ကေအိုင်အေတပ်ဖွဲ့ဝင်အချို့ရဲ့ သတ်ဖြတ်ခြင်းခံရတဲ့ ကျောင်းသားလူငယ်တွေအတွက် ဂရုဏာကြေးအဖြစ် တစ်ဦးကို ငွေကျပ်သိန်းနှစ်ရာ ပေးအပ်ခဲ့တယ်လို့ အသတ်ခံလိုက့်ရတဲ့ ကျောင်းသားတစ်ဦးဖြစ်သူ မောင်သန့်ဇင်အောင်ရဲ့ဖခင်ဖြစ်သူ ဦးအိုက်ဆန်းက ပြောပါတယ်။
“ကျွန်တော်တို့ကို နစ်နာကြေးဆိုပြီး ကလေးနှစ်ယောက်အတွက် တစ်ယောက်ကို သိန်းနှစ်ရာစီပေးပါတယ်။ လူမှားသတ်မိလိုက်တဲ့အတွက်လည်း ကျေနပ်အောင် တောင်းပန်ပေးပါတယ်။ အလောင်းတွေကိုတော့ ပြန်လွဲပေးဖို့ ကျွန်တော်တို့ဘက်က တောင်းဆိုခဲ့ပေမယ့် နယ်မြေအခြေအနေ အခက်အခဲကြောင့် အခုလမကုန်ခင် အလောင်းတွေလွဲပေးဖို့ကြိုးစားပေးမယ်လို့ ပြောတယ်။ သူတို့ကအမှောင်ထဲကလူ ပြီးတော့ ကျွန်တော်တို့က ဒီမှာလည်း အလုပ်က လုပ်စားကိုင်စားရအုန်းမှာဆိုတော့ သူတို့ပေးတာနဲ့ပဲ ကျေနပ်ခဲ့ရတာပါ ဘယ်တတ်နိုင်ပါ့မလဲဗျာ ” ဟု ဦးအိုက်ဆန်းက ပြောပါတယ်။
ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအနီး မော်သျှန်ကျေးရွာတွင် ရပ်မိရပ်ဖတွေ ဘာသာရေးဆရာတွေနဲ့ ကြားခံဆွေးနွေးပြီး တစ်ယောက်ကိုငွေကျပ်သိန်းနှစ်ရာ ဂရုဏာကြေးအဖြစ်ပေးခဲ့တယ်လို့ သိရပါတယ်။
ဆယ်ဇင်းကျေးရွာနဲ့ ပါဟုတ်ကြီးကျေးရွာဟာ ဆိုင်ကယ်ဖြင့် သွားပါက နာရီဝက်ခန့်သာ မောင်းနှင်ရပြီး အ သတ်ခံလိုက်ရတဲ့ မောင်သန့်ဇင်အောင်နဲ့ မောင်ဇော်မျိုးဦးတို့ကို ကချင်ပြည်နယ် ဆယ်ဇင်းကျေးရွာကနေ ဇူလိုင်လ ၆ရက်နေ့ညက ကေအိုင်အေအဖွဲ့ ဖမ်းဆီးခေါ်ဆောင်သွားကြတာ ဖြစ်ပါတယ်။
ဒီလိုအကြောင်းမဲ့ သတ်ဖြစ်တဲ့ လုပ်ရပ်မျိုးတွေ ဆက်တိုက် ဖြစ်လာမယ်ဆိုရင် လူမျိုးရေး ပဋိပက္ခ ပြဿနာ သယ်ဆောင်လာတာမျိုးတွေ မဖြစ်လာဘူးလို့တော့မပြောနိုင်ဘူး။ ဒါ့ကြောင့် နောက်နောင်မှာဒီလိုမျိုး ထပ်မဖြစ်အောင် ဘက်ပေါင်းစုံကနေဝိုင်းဝန်းပြီး ထိန်းကြောင်းဖို့ လိုအပ်တယ်လို့ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ စိုင်းဇင်မောင်လွင်က ပြောပါတယ်။
“ ကေအိုင်အေနဲ့ ကလေးမိဘတွေနဲ့အဆင်ပြေသွားတယ်ဆိုရင် ကောင်းတာပေါ့ဗျာ။ တစ်ဖက်ကနေကြည့်ခဲ့မယ်ဆိုရင်လည်း ဒီလိုလုပ်ရပ်မျိုးက ဆက်တိုက်ဖြစ်လာမယ်ဆိုရင် လူမျိုးရေးပဋိပက္ခ့ပြသနာသယ်ဆောင်လာတာမျိုးတွေ မဖြစ်လာဘူးလို့တော့မပြောနိုင်ဘူး ကျွန်တော်တို့ဘက်ကတော့ လူမျိုးရေးပဋိပက္ခဖြစ်အောင် တွန်းအားပေးနေမှာ မဟုတ်ဘူး” ဟု ၎င်းကပြောပါတယ်။
ကျောင်းသားတွေ အသတ်ခံလိုက်ရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဂရုဏာကြေးအဖြစ် တစ်ဦးကို သိန်းနှစ်ရာစီ ပေးလိုက်တာဖြစ်ပြီး ကေအိုင်အေအဖွဲ့အနေနဲ့ ပြစ်မှုကျူးလွန်သူတွေကို ခရိုင်အဆင့်တရားရုံးနဲ့ စစ်ဆေးအရေးယူပြီး အပြစ်ပေး ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။
Ref ; People Media
0 comments:
Post a Comment