Monday, July 27, 2020

ကန့်ကွက်ခံ ဒီချုပ်ကိုယ်စားလှယ်လောင်း သုံးဦးကိစ္စ CEC အဖွဲ့ဆုံးဖြတ်မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကန့်ကွက်ခံနေရတဲ့ ကိုယ်စားလှယ်လောင်းသုံးဦးကို ထောက် ခံစာပေးဖို့ကိစ္စကိုပါတီရဲ့ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကပဲ ဆုံးဖြတ်မှာဖြစ်တယ်လို့ ပြန်ကြားရေး ဗဟိုကော်မတီ အတွင်းရေးမှူးမုံရွာအောင်ရှင်က ပြောပါတယ်။
နိုင်ငံရေး ပါတီတစ်ခုခုကို ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်တဲ့ လွှတ်တော်ကိုယ်စား လှယ်လောင်း တွေအနေနဲ့ သက်ဆိုင်ရာပါတီဌာနချုပ်က တရားဝင်ရွေးချယ်အတည်ပြုတဲ့ ထောက်ခံစာနဲ့အတူ ရွေးကောက်ပွဲကော်မ ရှင်အဖွဲ့ခွဲတွေကို အမည်စာရင်းတင်သွင်းရတာဖြစ်ပါတယ်။
ကိုယ်စားလှယ်လောင်းသုံးဦးကို ကန့်ကွက်မှုတွေကြောင့် ထောက်ခံစာထုတ်ပေးဖို့ ဗဟိုအလုပ် အ မှုဆောင်အဖွဲ့က ခေတ္တဆိုင်းငံ့တာနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း နောက်ဆုံးတင်သွင်းရမယ့်မတိုင်မီ ဆုံးဖြတ်သွားမယ်လို့ မုံရွာအောင်ရှင်ကပြောပါတယ်။
၂၀၂၀အထွေထွေရွေးကောက်ပွဲအတွက် ဇူလိုင်၂၀ရက်က စတင်ပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း အ မည်စာရင်းတင်သွင်းနိုင်ပေမယ့် ဩဂုတ်၇ရက်မှာတော့ လွှတ်တော်ကိုယ်စားလှယ်လောင်း အ မည်စာရင်း နောက်ဆုံးတင်သွင်းရမှာဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်ဝင်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စား လှယ်လောင်းစာရင်းကို ဇူလိုင် ၂၃ ရက်က ထုတ်ပြန်ကြေညာခဲ့ပြီး တစ်နိုင်ငံလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းကတော့ (၁၁၀၀)ကျော်ရှိနေပါတယ်။
Ref ; One News Myanmar

0 comments:

Post a Comment