Sunday, July 5, 2020

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တာချီလိတ်မြို့နယ် ၊ ပင်လောင်းမြို့နယ် ၊ကျောက်မဲမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများနှင့် လက်နက်/ခဲယမ်းများ သိမ်းဆည်းရမိ

ဇူလိုင်လ ၄ ရက်နေ့ ၁၅၁၅ အချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေလုံခြုံရေးဆောင်ရွက်ေနစဉ် တာချီလိတ်မြို့နယ်၊ ရေပူစမ်းကျေးရွာအုပ်စု၊ ဟွေပူကျေးရွာအနီး တောင်စောင်းတွင် မြေကျင်းတူးမြုပ်နှံထားသော ဆာလာအိတ်များအတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၀၉၈၀၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၆၄၇ သိန်း)၊ မူးယစ်ဆေးဝါးထုပ်ပိုးရာတွင်အသုံးပြုသည့် ဆက်စပ် ပစ္စည်းများ၊ ချက်နိုင်ငံထုတ် ပစ္စတိုသေနတ် ၁ လက်၊ အီတလီနိုင်ငံထုတ် ပစ္စတိုသေနတ် ၁ လက်နှင့် စပ်ဆက် ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ သို့ လွှဲပြောင်းအပ်ပေးသဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေဖြင့် အမှုရေး ဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ပင်လောင်းမြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှု
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် ပင်လောင်းမြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၄ ရက်နေ့ ၁၁၃၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ပင်လောင်းမြို့နယ်၊ လိန်းလီကြိုးတံတားတွင် တားဆီးနှိမ်နင်း ရေးလုပ်ငန်းများဆောင်ရွက်နေစဉ် ပင်လောင်းဘက်မှ ပေါင်းလောင်းဘက်သို့ အိမ်မဲမြို့၊ ကန်ကြီးထောင့်ကုန်း ရပ်ကွက်နေ မြမင်းသူ(ခ)ဇင်မင်းကို ၂၄ နှစ် စီးနင်းမောင်းနှင်လာသော မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင်တင်ဆောင်လာသော ခရီးဆောင်အိတ်များအတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့် ထည့်ထား သည့် စိတ်ကြွရူးသွပ်ဆေးပြား ၅၉၉၄၀၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၄၉၈၅ သိန်း)၊ ICE အလေးချိန် ၅ ကီလို(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၂၅၀ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံး တို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် ဖိုကုန်းနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ကျောက်မဲမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှု
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် ကျောက်မဲမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၄ ရက်နေ့ ၁၉၃၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ကျောက်မဲမြို့နယ်၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် တားဆီး နှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်နေစဉ် သီပေါဘက်မှ မန္တလေးဘက်သို့ ကျောက်ဆည်မြို့နယ်၊ တောင်လွှဲ ကျေးရွာနေသူများဖြစ်သည့် လှိုင်မိုးဝင်း ၄၀ နှစ်မောင်းနှင်ပြီး မိုးအောင်(ခ)ကျော်လှိုင်စိုး ၁၇ နှစ် စီးနင်းလိုက်ပါ လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ လှိုင်မိုးဝင်း ဝတ်ဆင်ထားသော အကျႌအိတ်ကပ် အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၃၃၀၀ ပြား (ဒေသကာလ ပေါက်စျေးတန်ဖိုးငွေကျပ် ၆၆ သိန်း)၊ မြန်မာငွေ ၄၂၀၀၀ ကျပ်နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့သဖြင့် ကျောက်မဲမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ေ ဆးလျက်ရှိကြောင်း သတင်းရရှိသည်။
Crd : CCDAC Myanmar #Myanmar_Online_News

0 comments:

Post a Comment