Monday, July 27, 2020

အပူပိုင်းမုန်တိုင်း ဟန်နာကြောင့် မက္ကဆီကိုမြောက်ပိုင်း ရေကြီးရေလျှံ

မက္ကဆီကိုနိုင်ငံမြောက်ပိုင်း မွန်တာရေးမြို့ကို အပူပိုင်းမုန်တိုင်း ဟန်နာ ဝင်ရောက်မှုကြောင့် ရေကြီးရေလျှံမှုတွေ ဇူလိုင်လ ၂၆ ရက်က ဖြစ်ခဲ့ပါတယ်။
အရင်က လူစည်ကားရာ လမ်းတွေဟာ ရေကြီးနေပြီး တူးမြောင်းတွေလည်း ရေလျှံထွက်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ကုန်းတွင်းပိုင်းဝင်ရောက်ချိန်ကစလို့ အားပျော့လာခဲ့တဲ့ မုန်တိုင်းဟန်နာရဲ့ ဗဟိုချက်ဟာ ဇူလိုင် ၂၆ ရက်က မွန်တာရေးနဲ့ ၃၅ မိုင်အကွာမှာ တည်ရှိခဲ့ပါတယ်။ ရွေ့လျားနှုန်းကလည်း ၁ နာရီကို ၉ မိုင်နှုန်းပဲ ရှိပါတော့တယ်။
မွန်တာရေးနဲ့နယ်စပ် အမေရိကန်ပြည်တွင်း တက္ကဆတ်ပြည်နယ်ကတော့ မုန်တိုင်းဒဏ်ကို ပိုဆိုးဆိုးရွားရွားခံခဲ့ရပါတယ်။
နေအိမ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေ ၂ သိန်း ၈ သောင်းကျော် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ပါတယ်။
မုန်တိုင်း ဟန်နာကြောင့် မက္ကဆီဘက်မှာတော့ အသေအပျောက်သတင်း မရှိသေးပါဘူး။
Ref ; DVB

0 comments:

Post a Comment