
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအနေနဲ့ ရခိုင်ပြည်နယ်ကလွဲပြီးကျန်တိုင်းဒသများတွင် ရွေးကောက်ပွဲ၀င်ရောက်ယှဉ်ပြိုင်မည်ဟု တ.စ.ည ပါတီဒုတိယဥက္ကဌဦးဟန် ရွှေကပြောသည်။
တ.စ.ညပါတီအနေနှင့် တိုင်းနှင့်ပြည်နယ်မြို့နယ်၃၃၀ တွင် မြို့နယ်ပေါင်း ၂၉၀တွင်၀င်ရောက်ယှဉ်ပြိုင်မည်ဟုဆိုသည်။၎င်းတို့အနက်ရခိုင်ပြည်နယ်တစ်ခုကိုလုံး၀၀င်ရောက်ယှဉ်ပြိုင်မည်မဟုတ်ဟုဆိုသည်။
"ရခိုင်ကိုရွေးကောက်ပွဲမ၀င်ရတဲ့အကြောင်းအတိုချုပ်ပြောရရင် အခြေအနေမပေးလို့ဆိုပဲပြောပါရစေ"ဟုဦးဟန်ဆွေကပြောသည်။
တ.စ.ညပါတီအနေနှင့်မြို့နယ်ပေါင်း၁၇၇မြို့နယ်တွင် ကိုယ်စားလှယ်ပေါင်း၄၁၁ဦး၀င်ရောက်ယှဉ်ပြိုင်မည်ဟုဆိုသည်။
ယှဉ်ပြိုင်မည့် နေရာများအဖြစ် အမျိုးသားလွှတ်တော်တွင် ၄၂ဦးပြည်သူ့လွှတ်တော်တွင်၉၇ဦးတိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်တွင် ၂၆၄ဦး၀င်ရောက်ယှဉ်ပြိုင်သွားမည်ဟုသိရသည်။

Crd : Fifth Wave






0 comments:
Post a Comment