Thursday, July 2, 2020

လရောင်တောစိုက်ပျိုးသက်မွေးပညာသင်တန်းကျောင်းမှ သင်တန်းသားခေါ်ယူခြင်း

နေပြည်တော် ၊ ဥတ္တရသီရိမြို့နယ်တွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဖွင့်လှစ်ရန် စီစဉ်လျှက်ရှိသည့် လရောင်တောစိုက်ပျိုးသက်မွေးပညာသင်တန်းကျောင်းတွင် သင်တန်းသားများခေါ်ယူရန်အတွက် သင်တန်းဝင်ခွင့်လျှောက်လွှာများထုတ်ပေးနေပြီဖြစ်ပါသည်။
သင်တန်းလျှောက်ထားရန်အတွက် အရည်အချင်းသတ်မှတ်ချက်များ နှင့် လျှောက်လွှာထုတ်ယူရမည့်နည်းလမ်းများလည်းအသေးစိတ်ဖော်ပြထားပါသည်။
လရောင်တော စိုက်ပျိုးသက်မွေးပညာသင်တန်းကျောင်း၏ သင်တန်းသား/သူ ဝင်ခွင့်လျောက်လွှာပုံစံနှင့် လျှောက်လွှာပြန်လည် တင်ရန် နည်းလမ်း
** ၈တန်းအောင်မြင်ပြီး အခြေခံပညာ ဆက်မတက်သောသူများသာ လျောက်ထားရန် ဖြစ်သည်**
၁။ ‌‌ လျှောက်လွှာအား မိတ္ထူဆိုင်တွင် Print ထုတ်ယူပါ။
၂။ လျှောက်လွှာထုတ်ယူပြီးပါက အောက်ပါအချက်အလက်များ
လုပ်ဆောင်ပါ -
(က) လျှောက်လွှာပါ လိုအပ်သော အချက်အလက်များကိုဖြည့်သွင်းပြီး (၃)လ အတွင်းရိုက်ကူးထားသော ကျောင်းသား/သူ ၏ လိုင်စင်ပုံကပ်ပေးပါ။
(ခ) လျှောက်လွှာတွင် ပေးထားသော ခေါင်းစဉ်အားကြည့်၍ A4 စာရွက် အလွတ်တစ်ရွက်တွင် သင်တန်းသား/သူ ကိုယ်တိုင်စာစီစာကုံးရေးသားပါ။
(ဂ) ကျောင်းသား/သူ ၏ နိုင်ငံသားစိစစ်ရေးကဒ်ပြားမူရင်း။
(ဃ) ကျောင်းသား/သူ ၏ ၈တန်းအောင်လက်မှတ် မူရင်း။
၃။ အမှတ်စဉ် (၂) ပါ အချက် ၄ ချက်(စာရွက် ၄ ရွက်ကို)မိတ္ထူဆိုင်တွင် Scan ဖတ်ပေးပါ။
၄။ Scan ဖတ်ပြီးသော ဖိုင် (Soft Copy) များကို Facebook Page (Horticulture Training Academy - La Yaung Taw), Viber (09787956447, 09797853373), Email (hta.layaungtaw@gmail.com)များသို့ ပြန်လည်ပို့ဆောင်ပေးရပါမည်။
(မိတ္ထူဆိုင်သွားရောက်ရန် အဆင်မပြေဖြစ်‌နေသူများအတွက် - စာရွက်များအား ဖုန်းဖြင့် ဓာတ်ပုံရိုက်ပြီးပို့မည်ဆိုလျှင်၊ ကြည်လင်ပြတ်သားသော ပုံများ ပေးပို့ရန်လိုအပ်ပါသည်။)
၅။ အမှတ်စဉ် (၂) ပါ အချက် ၄ ချက်အား မပြည့်စုံသူများကို ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။
အသေးစိတ်သိရှိလိုပါက - ဖုန်း - 09797853373, 09787956447
PDF File Download Link -
သင်တန်းကျောင်း၏ Facebook Page တွင်လည်း ဝင်ရောက်လေ့လာနိုင်ပါသည်။
Crd : Daw Khin Kyi Foundation #Myanmar_Online_news

0 comments:

Post a Comment