
နိုင်ငံတစ်ဝန်းရှိ ပြည်သူများအနေဖြင့် ကလေးနှလုံးရောဂါ ဝေဒနာရှင်များ ရှိပါက တပ်မတော်သားဖွားမီးယပ်နှင့် ကလေးဆေးရုံ (ခုတင်-၃ဝဝ)တွင် အခမဲ့စမ်းသပ်ပေးနေကြောင်း သိရပါသည်။ ၎င်းဆေးရုံကြီးကို သမက ဟုလည်း သိရှိကြသည်။
သမကဆေးရုံကြီးသည် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ခရေပင်လမ်းခွဲအနီးတွင် တည်ရှိပြီး ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးကျန်းမာရေးစောင့်ရှောက်ရာတွင် ဂုဏ်သတင်းကြီးမားပြီး သားကောင်းမိခင်များအတွက် မှီခိုအားထားရာ တပ်မတော်ဆေးရုံများ အနက်မှ တစ်ခုအပါအဝင် ဖြစ်ကြောင်း သိရှိရပါသည်။
(အမှတ်(၁)တပ်မတော်သားဖွားမီးယပ်နှင့်ကလေးဆေးရုံ(ခုတင်-၃၀၀)၏တပ်မှုး ပါမောက္ခ ဗိုလ်မှူးကြီး ဒေါက်တာကေသီထွန်း Facebook Page မှ ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်)








0 comments:
Post a Comment