၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ယနေ့နိုင်ငံရေးနှင့် ထင်ဟပ်စေသည့် ဆောင်ပုဒ်ဖြင့်မဲဆွယ် စည်းရုံးမည်ဖြစ်ကြောင်း ဒုတိယ ဥက္ကဋ္ဌ(၂) ဒေါက်တာဇော်မြင့် မောင်ကပြောသည်။
‘‘စဉ်းစားနေတုန်း ရှိပါသေးတယ်။ အကုန်လုံးကို လွှမ်းခြုံနိုင်တာဖြစ်ရမယ်၊ ဒီနေ့နိုင်ငံရေးကို လည်းထင်ဟပ်စေရမယ်၊ နောက်ပြီးတော့ စည်းရုံးနိုင်တဲ့ စကားလုံးဖြစ်ရမယ်’’ဟု ၎င်းကဇူလိုင် ၂ ရက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်အစည်း အဝေးတွင် ပြောသည်။
၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် ‘ပြောင်းလဲချိန်တန်ပြီ’ ဟူသောဆောင်ပုဒ်ဖြင့်မဲဆွယ် စည်းရုံးခဲ့ရာ ပြည်သူများ စိတ်ဝင်စားမှုအထူးရရှိခဲ့ပြီး ရွေးကောက်ပွဲတွင် အစိုးရဖွဲ့နိုင်သည်အထိ အောင်မြင်မှုရရှိခဲ့သည်။ ထို့နောက် ပြည်သူနှင့်အတူ စသည့် ဆောင်ပုဒ်များဖြင့် ပြည်သူများကို ပြောင်းလဲစည်းရုံးခဲ့သည်။
၂၀၂၀ အထွေထွေရွေး ကောက်ပွဲများတွင် ပြည်သူများသည် လူပုဂ္ဂိုလ်ကိုကြည့်၍ မဲပေး မည်ဟု ပြောဆိုမှုများရှိလာမှုအပေါ်တွင်လည်း ဆီလျော်သဖြင့် ကန့်ကွက်စရာ မရှိသော်လည်း အစိုးရဖွဲ့နိုင်ရန်လိုအပ်သဖြင့် ပါ တီကိုကြည့်၍မဲပေးရန် လိုအပ်နေ သေးကြောင်း ဒေါက်တာဇော်မြင့် မောင်ကဆိုသည်။
‘‘တစ်တိုင်းပြည်လုံးကို ပြုပြင်ပြောင်းလဲမှု လုပ်ဖို့ဆိုတာ အစိုးရဖွဲ့နိုင်မှ လုပ်နိုင်တာပါ။ ကိုယ်ပေးလိုက်တဲ့မဲက အစိုးရ မဖွဲ့နိုင်ဘူးဆိုရင် ကိုယ့်ဒေသ၊ ကိုယ့်မြို့နယ် အကျိုးလေးပဲလုပ် နိုင်မှာဖြစ်တဲ့အတွက် ပါတီကို လည်းကြည့်ပါ’’ဟု ၎င်းကဆက် လက်ပြောသည်။
ပါတီကိုကြည့်ရာတွင်ခေါင်း ဆောင်မှုပုဂ္ဂိုလ်အရည်အသွေးနှင့် ပါတီ၏ ခိုင်မာမှု၊ ရှင်သန်မှု၊တက်ကြွမှုအပါအဝင် ဒီမိုကရေစီမြန်မာနိုင်ငံတွင် ရေရှည်အမြစ်တွယ်လာရေး ဆောင်ရွက်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ကြည့်ရန်လိုအပ်ပြီး ပါတီနှင့်လူကို ကြည့်၍ မဲထည့်နိုင်ရန်လည်းပြည်သူများ မဲပေးချင်လောက်သည့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ပေးမည်ဟု ဒုတိယဥက္ကဋ္ဌ (၂)က ပြောသည်။
ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုအဖြစ် တည်ဆောက်ရာတွင် အဟန့်အတားဖြစ်နေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ဒေါက်တာဇော် မြင့်မောင်ကပြောသည်။
‘‘ဒီမိုကရေစီ မြန်မာနိုင်ငံမှာ ခိုင်မြဲသွားပြီ။ ပြည်ထောင်စုကြီး ပေါ်သွားပြီဆိုရင်တော့ ဒီပြည် ထောင်စုကြီးနဲ့ကိုက်ညီတဲ့ အခြေခံဖွဲ့စည်းပုံက ရှိကိုရှိရမှာပေါ့နော်။ ဒါကြောင့်လည်း ငြိမ်းချမ်းရေးကို အားသွန်စိုက်ပြီးလုပ်နေတာပေါ့နော်’’ဟု ဒေါက်တာဇော်မြင့်မောင်က မီဒီယာအချို့အား ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၈ ရက်တွင် ၂၀၂၀ အထွေထွေရွေး ကောက်ပွဲ ကျင်းပမည်ဟုကြေညာထားသည်။
Crd : 7Days
0 comments:
Post a Comment