လူမှုကွန်ရက် Facebook မှာကြေငြာတာတွေရပ်ဆိုင်းပြီး ကုမ္ပဏီတွေအများအပြားက သပိတ်မှောက်နေကြရာမှာ ကနေဒါနိုင်ငံက ဘဏ်ကြီးတွေပါ ပူးပေါင်းပါဝင်လာတယ်လို့ အခုလ(၄)ရက် CNA သတင်းမှာဖော်ပြထားပါတယ်။
လူမှုကွန်ရက် Facebook ပေါ်မှာ သတင်းအမှားနဲ့ အမုန်းစကားတွေ ပျံ့နှံ့နေတာကို Facebookကုမ္ပဏီက ထိထိရောက်မတားဆီးဘူးလို့ ဆိုပြီး ကုမ္ပဏီတွေအများပြားက သပိတ်မှောက်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။
ကနေဒါနိုင်ငံက ဘဏ်ကြီးတွေဖြစ်ကြတဲ့ Royal Bank of Canada ၊ Toronto-Dominion Bank ၊ Bank of Nova Scotia ၊ Bank of Montreal ၊ National Bank of Canada နဲ့ Canadian Imperial Bank of Commerce စတဲ့ ဘဏ်တွေအားလုံးက Facebook မှာ ကြော်ငြာနေတာတွေကို ဇူလိုင်လထဲမှာ ရပ်ဆိုင်းထားမယ်လို့ ဆိုပါတယ်။
Facebook ကိုသပိတ်မှောက်နေတဲ့ ကုမ္ပဏီတွေထဲမှာ STARBUCKS ၊ COCA-COLA ၊ HERSHEY'S ၊ HONDA နဲ့ UNILEVER တို့လိုမျိုးကုမ္ပဏီကြီးတွေလည်းပါဝင်နေပါတယ်။
အခုလိုကုမ္ပဏီတွေအများအပြားကသပိတ်မှောက်နေတာကြောင့် Facebook ကုမ္ပဏီရဲ့ရှယ်ယာတွေဟာလည်းထိုးကျနေပါတယ်။
Facebook ကုမ္ပဏီကတော့ဒီလိုသပိတ်မှောက်နေတာတွေကိုထိန်းချုပ်နိုင်ဖို့ အမုန်းစကားနဲ့ နိုင်ငံရေးသမားတွေရဲ့ အငြင်းပွားဖွယ် ပို့စ်တွေကိုတားဆီးသွားမယ်လို့ကတိပေးထားပါတယ်။
source : reuter
Crd : OneNews
0 comments:
Post a Comment