Monday, July 27, 2020

ချန်ဒူးမြို့တွင် အမေရိကန် ကောင်စစ်ဝန်ရုံး တရားဝင်ပိတ်သွားပြီ

တရုတ်နိုင်ငံ ချန်ဒူးမြို့မှာရှိတဲ့ အမေရိကန်ကောင်စစ်ဝန်ရုံးကို ဒီကနေ့မှာ တရားဝင်ပိတ်လိုက်ပါပြီ။ ချန်ဒူးရှိ အမေရိကန်ကောင်စစ်ဝန်ရုံးကို ဒီကနေ့ မနက် ၁၀ နာရီမှာ ပိတ်လိုက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့တာပါ၊
ချန်ဒူးရှိ အမေရိကန်ကောင်စစ်ဝန်ရုံးကို တရားဝင် ပိတ်လိုက်တဲ့အတွက် အမေရိကန်အလံချနေပုံကို နိုင်ငံပိုင် ရုပ်သံ CCTV က ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ရုံးပတ်ဝန်းကျင်မှာ လုံခြုံရေးရဲတွေ အများအပြား အစောင့်ချထားပြီး ၊ အနီးအနား ကြည့်ရှူသူတွေကို ဖယ်ရှားခိုင်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ အမေရိကန်ကောင်စစ်ဝန်ရုံးအပြင်ဖက်မှာ လူတစ်ရာကျော်စုရုံးပြီး၊ တရုတ်အလံကို ဝှေ့ရမ်းကာ ကန့်ကွက် ဆန္ဒပြကြတယ်လို့ သိရပါတယ်။
အခုလ (၂၁)ရက်က အမေရိကန်နိုင်ငံ ဟူစတန်မြို့မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးကို သမ္မတထရမ့်ရဲ့အမိန့်နဲ့ ပိတ်ခိုင်းခဲ့ပြီးနောက်ပိုင်း တရုတ်-အမေရိကန် ၂-နိုင်ငံဆက်ဆံရေး တင်းမာမှု မြင့်တက်လာတာဖြစ်ပါတယ်။
Ref ; One News Myanmar

0 comments:

Post a Comment