Monday, July 27, 2020

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း ဖြူးမြို့၌ ဝင်ရောက်ယှဉ်ပြိုင်မည်

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိကြောင်း ပါတီခေါင်းဆောင်ပိုင်းအချို့က အတည်ပြုပြောဆိုသည်။
“ဥက္ကဋ္ဌကြီးက ၂၀၁၅ နေရာကပဲ ရွေးကောက်ခံမှာပါ။ အခုက စောနေသေးပါတယ်။ ပါတီကိုယ်စားလှယ်လောင်း ထုတ်ပြန်တဲ့အခါ ပြည်သူများကို ချပြပေးမှာပါ”လို့ ပါတီခေါင်းဆောင်တစ်ဦးက ပြောသည်။
သူရဦးရွှေမန်းသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ ဖြူးမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ဘက် NLD ပါတီကို မဲရလဒ်ကွာဟမှုများဖြင့် ရှုံးနိမ့်ခဲ့သည်။
ထိုကဲ့သို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းဝင်ရောက်ယှဉ်ပြိုင်မည့် ဖြူးမြို့နယ်သည် လာမည့်ရွေးကောက်ပွဲ၌ ပြိုင်ဆိုင်မှု ပြင်းထန်မည့် မဲဆန္ဒနယ်တစ်ခုဖြစ်လာမည်။
အဆိုပါ မဲဆန္ဒနယ်၌ NLD ပါတီမှ ကိုယ်စားလှယ်လောင်း ဦးကျော်အေးဝင်း၊ ပြည်ခိုင်ဖြိုးပါတီအပါအဝင် အခြားသော နိုင်ငံရေးပါတီများက ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
Ref ; People Media

0 comments:

Post a Comment