စစ်ကိုင်းမြို့နယ်၊ မင်းကွန်းယဉ်ကျေးမှုဒေသသို့သွားရာ စစ်ကိုင်း-မင်းကွန်းကားလမ်း ဆွမ်းဦးပုညရှင် ရေစက်အနီး ကားလမ်းပေါ် သို့ ဇူလိုင် ၂၇တွင် ဧရာဝတီမြစ်ရေစတင်ကျော်မှုဖြစ်ပွားနေပါသည်။
ကားလမ်းပေါ်ရေကျော်နေပြီဖြစ်သော်လည်း ကား၊ဆိုင်ကယ်များ သွားလာ၍ ရပါသည်။ ယနေ့နံနက်ပိုင်း မြစ်ရေတိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ၁၁၄၂စင်တီမီတာသို့ရောက်ရှိနေပြီး စစ်ကိုင်းမြို့၏စိုးရိမ်ရေအမှတ် ၁၁၅၀ စင်တီမီတာသို့ ရောက်ရန် ၈ စင်တီမီတာသာလိုပါတော့သည်။
Source - ဇေယျာတိုင်းမ်
0 comments:
Post a Comment