Sunday, July 5, 2020

ဝှေခါမှော်တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီနှင့်လူကယ်ပြန်ဝန်ကြီးဌာနတို့မှထောက်ပံ့မှုများပေးအပ်ခဲ့ကြောင်း သိရ

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီနှင့်လူကယ်ပြန်ဝန်ကြီးဌာနတို့မှ ဖါးကန့်မြေပြိုမှုဖြစ်စဉ်တွင် သေဆုံး၊ ဒဏ်ရာရသူများအတွက် ထောက်ပံ့မှုများ၊ ကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့ကြသူများကိုကူညီထောက်ပံ့မှုများပေးအပ်ခဲ့ပါတယ်၊
ဒဏ်ရာရသူများတွင် အရိုးကျိုးကြေခြင်း၊ ရေမွန်းခြင်း၊ ကိုယ်ခန္ဓာ စုတ်ပြဲပွန်းပဲ့ထိခိုက်ခြင်းအများဆုံးဖြစ်တာကိုတွေ့ရပါတယ်၊
ဒဏ်ရာရသူတစ်ဦးကိုငွေကျပ် ၂ သိန်း၊ သေဆုံးသူတစ်ဦးအတွက် ငွေကျပ် ၅ သိန်း၊ စုစုပေါင်း စာရင်းအရ သေဆုံးသူ ၁၇၄ ဦး၊ ဒဏ်ရာရ ၅၄ဦး တို့အတွက် ထောက်ပံ့ငွေကျပ် ၉၇၈ သိန်း ဖြစ်ပါတယ်၊ ကိုယ်တိုင်တွေ့ဆုံခွင့်ရပြီး ဒဏ်ရာရ ၃၄ ဦး၊ သေဆုံးသူများရဲ့ကျန်မိသားစုဝင် ၁၆ ဦး တို့အား အားပေးထောက်ပံ့ခဲ့ပါတယ်၊
ကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့သောလူမှုအဖွဲ့များကိုလည်း ကျပ်သိန်း ၁၁၀ ထောက်ပံ့ခဲ့ပါတယ်၊
ကချင်ပြည်နယ်အစိုးရအဖွဲ့၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာသူရ ကျောက်မျက် ကုမ္ပဏီတို့ကလည်း ထောက်ပံ့ငွေများပေးအပ်ခဲ့ကြပါတယ်။
ကျွန်တော်တို့ ထောက်ပံ့ခဲ့တဲ့နိုင်ငံတော်ငွေဟာပြည်သူ့ငွေဖြစ်လို့ဒုက္ခခံစား နေရသောပြည်သူများအတွက် ပြည်သူမှပြည်သူသို့ ကူညီခြင်းဖြင့်ကုသိုလ်ရယူခဲ့ခြင်းဖြစ်ပါတယ်၊
ဖြစ်စဉ်ကိုလေ့လာခွင့်ရပြီး ဖြစ်ပွားရာနေရာကိုလည်းရောက်ရှိခဲ့လို့လွန်စွာစိတ်မကောင်းခြင်း၊ ဝမ်းနည်းခြင်းနှင့်စာနာခြင်းများခံစားရပါတယ်။
နောင်မဖြစ်ပွားစေဖို့ အားလုံး ကိုယ်ချင်းစာစိတ် မေတ္တာစိတ်တွေနဲ့ တရားဥပဒေစိုးမိုးရေးအတွက်ပူးပေါင်းဆောင်ရွက်ကြရပါမယ်။
Crd : Prof Win Myat Aye #Myanmar_Online_News

0 comments:

Post a Comment