
ပြည်သူက မထောက်ခံတဲ့ အားမလိုအားမရဖြစ်ခဲ့တဲ့ ကိုယ်စားလှယ်ဟောင်းတွေ အခု ရွေးကောက်ပွဲမှာ မပါဘူးလို့ အမျိုးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူ မုံရွာဦးအောင်ရှင်က ပြောကြား လိုက်ပါတယ်။
အမျိုးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူ မုံရွာဦးအောင်ရှင်က “အခုငါးနှစ်သက်တမ်း အတွင်းမှာ မဲဆန္ဒရှင်ပြည်သူတွေက ရွေးကောက်ခံထားရတဲ့ ကိုယ်စားလှယ်တွေ အပေါ်မှာ အားမရတာ တွေ တွေ့လာရတယ်။ ရွေးကောက်ခံကိုယ်စားလှယ်တွေရဲ့ လုပ်ရေကိုင်ရေအပေါ်မှာလည်း ပြည်သူတွေ စိတ်ပျက်နေတာလည်းရှိတယ်။ အဲဒါကလည်း သဘာဝ ကျတယ်။ ဒါတွေကိုလည်း မငြင်းဘူး။ အဲဒါကိုလည်း သိတယ်။ ပြည်သူရဲ့အသံကိုလည်း နားထောင်ပါတယ်။ အဲဒါကြောင့်အခု ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူက ငြိုငြင်တဲ့ အားမလိုအားမရဖြစ်တဲ့ ပြည်သူက မထောက်ခံတဲ့ ကိုယ်စားလှယ်တွေ မပါအောင် ကျွန်တော်တို့ကြိုးစားလုပ်နေတယ်” လို့ မြန်မာ့ပလက်ဖောင်းမီဒီယာကို ပြောပါတယ်။
ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းအမည်စာရင်းကို ဇူလိုင် ၂၀ ရက်မှစတင်ကာ ဩဂုတ် ၇ ရက်နေ့အထိ တင်သွင်းခွင့်ပြုထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အနေဖြင့် နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီကို ဖွဲ့စည်းပြီး ဥက္ကဌအဖြစ် ပါတီဥက္ကဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်မှ ကြပ်ကြပ်မတ်မတ် ဦးဆောင်နေတယ်လို့ဆိုပါတယ်။

Crd : MyanmaPlatform #Myanmar_Online_News






0 comments:
Post a Comment