Thursday, April 19, 2018

ပြည်သူများအသက် အန္တရာယ်ကင်းရှင်းရေးအတွက် တစ်နိုင်ငံလုံးရှိကြိုးတံတား ၂၉ စင်း စစ်ဆေးပြင်ဆင်ရေးအတွက် ညှိနှိုင်းဆွေးနွေး


လမ်းပန်းဆက်သွယ်မှု ချောမွေ့ရေးနှင့် ပြည်သူများအသက် အန္တရာယ်ကင်းရှင်းရေးအတွက် တစ်နိုင်ငံလုံးရှိကြိုးတံတား ၂၉ စင်းကို အသေးစိတ်စစ်ဆေးရန်နှင့် ပြန်လည်ပြုပြင်နိုင်ရန် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှအင်ဂျင်နီယာ များနှင့် China Highway Construction Association မှ ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်ရေး အတွက် ကြိုတင် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမဆောင်၌ ပြုလုပ်သည်။

ရှေးဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက မြန်မာတစ်နိုင်ငံလုံးရှိ ကြိုးတံတား ၂၉ စင်း စစ်ဆေးရေးနှင့် ပြန်လည်ပြုပြင်ရန် လိုအပ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ရာတွင် ကြိုးတံတားများစစ်ဆေး ရန် မြန်မာအင်ဂျင်နီယာများ ပူးပေါင်းပါဝင်ပြီး နည်းပညာရပ် များကို တတ်ကျွမ်းအောင်လေ့လာ သင်ယူရန် လိုပါကြောင်း၊ China Highway Construction Association မှ ပညာရှင်များကလည်း equipment အသုံးပြုပုံ ၊ စစ်ဆေးပုံ၊ တွက်ချက်ပုံများ သင်ကြားပေးစေလိုကြောင်း ၊ကြိုးတံတားများ စစ်ဆေးရာတွင် လူအန္တရာယ် မထိခိုက်ရန် အရေးကြီးပါကြောင်း၊ ယခုစစ်ဆေးမည့်တံတားများတွင် သက်တမ်းရှည်တံတားများ ပါဝင်ပါကြောင်း၊ Main Cable စစ်ရာတွင် စစ်ဆေးချက် နည်းလမ်း မမှန်ကန်ပါက ပိုမိုပျက်စီးတတ်ပါကြောင်း၊ မြောင်းမြ တံတားလို Post Model လုပ်ပြီးမှ ကျန်တံတားများ ဘယ်နေရာမှာ ထိခိုက်မှုရှိနိုင်သည်ကို စဉ်းစားရမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။

ထို့နောက် China Highway Construction Association မှ Director Mr. CHU Yili က မြန်မာ တစ်နိုင်ငံလုံးရှိကြိုးတံတားများ အသေးစိတ် စစ်ဆေးရန်နှင့် ပြန်လည်ပြုပြင်ရန် လိုအပ်ချက်များနှင့် ပတ်သက်၍ အကြံပြု ဆွေးနွေးသည်။ ယင်းနောက် တံတားဦးစီးဌာနမှ အင်ဂျင်နီယာ ချုပ် ဒေါ်သိန်းနုက မြန်မာတစ်နိုင်ငံလုံးရှိကြိုးတံတား၂၉ စင်း၏ လက်ရှိ အခြေအနေကို Power Point ဖြင့် ရှင်းလင်းတင်ပြပြီး China Highway Construction Association မှ ပညာရှင် Mr.CHEN Weihao က ကြိုးတံတားများပြင်ဆင် ရေးနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးတင်ပြသည်။

ဆွေးနွေးတင်ပြချက်များအပေါ် ဒုတိယဝန်ကြီး ဦးကျော်လင်းက ကြိုးတံတားများ အသေးစိတ်စစ်ဆေးပေးရန် နှင့်ပြန်လည်ပြုပြင်ရန် လိုအပ်ချက်များနှင့် အန္တရာယ်ရှိနိုင်သည့် ကြိုးတံတားများအား ဦးစားပေးပြုပြင်ရန်နှင့် ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်း အကြံပြုဆွေးနွေး ခဲ့ကြောင်း သိရသည်။

The Ladies News

0 comments:

Post a Comment