Thursday, April 19, 2018

မကွေးတိုင်းဒေသကြီး ဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်အမှတ်၊ ၁၉ / ၂၀၁၈
၁၃၈၀ ပြည့်နှစ်၊ ကဆုန်လဆန်း ၅ ရက်
(၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၉ ရက်)

မကွေးတိုင်းဒေသကြီး ဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မခွဲ (စ)၊ ပုဒ်မ ၂၆၄၊ ပုဒ်မခွဲ (ဂ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ (ဂ)၊ ပုဒ်မ ၈၂၊ ပုဒ်မခွဲ (ဂ) နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (ဆ)၊ ပုဒ်မ ၅၆၊ ပုဒ်မခွဲ (က) တို့ပါ ပြဋ္ဌာန်းချက်များအရ အောက်ပါပုဂ္ဂိုလ်များကို ယှဉ်တွဲပါ ဝန်ကြီးဌာနများတွင် မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်-
(၁) ဦးဝင်းမော်ဌေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
(၂) ဦးမြင့်ဆွေ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား
ဝန်ကြီးဌာန
(ပုံ) ဝင်းမြင့်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

Myanmar President Office

0 comments:

Post a Comment