Thursday, April 19, 2018

အူရီဒူးမြန်မာမှ မြန်မာနှစ်ကူးအလှူအဖြစ် နှင်းဆီကုန်းဘိုးဘွားရိပ်သာတွင် အဆင့်မြင့် မီးဖိုချောင်တည်ဆောက်ရန် ကျပ်သိန်း ၁၀၀ လှူဒါန်း


အူရီဒူးမြန်မာမှ မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ်သို့ ကူးပြောင်းသည့် နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် မြန်မာပြည်သူပြည်သားများနှင့်အတူ ကုသိုလ်ပြုလုပ်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ နှင်းဆီကုန်းဘိုးဘွားရိပ်သာသို့ မြန်မာနှစ်ဆန်း (၁)ရက်နေ့ ၂၀၁၈ ခုနှစ် ဧပြီလ ၁၇ ရက်နေ့က သွားရောက်ပြီး အဆင့်မြင့်မီးဖိုချောင် တည်ဆောက်ရန်အတွက် ကျပ်သိန်း ၁၀၀ လှူဒါန်းခဲ့ကြောင်း သိရသည်။

နှင်းဆီကုန်းဘိုးဘွားရိပ်သာကို ၁၉၃၃ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဘိုးဘွားပေါင်း (၁၇၁)ဦးကို ကျန်းမာရေး၊ နေရာထိုင်းခင်း နှင့် အဟာရစောင့်ရှောက်မှုပေးနေသော ရိပ်သာတစ်ခုလည်းဖြစ်သည်။ ထို့ကြောင့် အော်ရီဒူးမြန်မာအနေဖြင့် အဆိုပါ ရိပ်သာအတွက် လိုအပ်လျက် ရှိနေသည့် အဆင့်မြင့်ခေတ်မီ မီးဖိုချောင် တည်ဆောက်ရန်အတွက် ငွေကျပ်သိန်း ၁၀၀ ကို လှူဒါန်းခဲ့တာဖြစ်ပြီး အဆိုပါလှူဒါန်းမှု အခမ်းအနားသို့ အူရီဒူးမြန်မာမှ အရောင်းနှင့်ဖြန့်ချိရေးအရာရှိချုပ်ဖြစ်သူ ဒေါ်ထားသန့်စင်နှင့် အူရီဒူးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အူရီဒူးမြန်မာ၏ အရောင်းနှင့် ဖြန်ချိရေးအရာရှိချုပ်ဖြစ်သူ ဒေါ်ထားသန့်စင် က “နှစ်သစ် မင်္ဂလာ အခါသမယမှာ ထူးမြတ်လှတဲ့ လှူဒါန်းမှုကုသိုလ်ကို ပြုလုပ်ခွင့်ရတဲ့အတွက် အထူးဝမ်းသာကြည်နူးရပါတယ်။ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ မိဘပြည်သူများနှင့် အူရီဒူးရဲ့ ၀န်ဆောင်မှုကို အသုံးပြုနေသူ များ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်” ဟု ဆုတောင်းမေတ္တာပို့သခဲ့သည်။

The ladies News

0 comments:

Post a Comment