Thursday, April 19, 2018

အရာအားလုံးမေ့ပစ်ပြီး အနုပညာအလုပ်တွေ သေချာပြန်လုပ်တော့မယ်ဆိုတဲ့ ထက်ထက်မိုးဦး


တစ်ခေတ်တစ်ခါက အောင်မြင်ခဲ့ပြီး လက်ရှိအချိန်မှာလည်း ပရိသတ်အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် ထက်ထက်မိုးဦးက ဖြစ်ခဲ့တာတွေအကုန်လုံးကို မေ့ပစ်ပြီး အနုပညာအလုပ်တွေကို သေချာပြန်လုပ်တော့မယ်လို့ ပြောပါတယ်။

“ ထက်ထက်ဘဝမှာ မှားခဲ့တာတွေလည်းရှိတယ်။ မှန်ခဲ့တာတွေလည်းရှိတယ်။ အခုချိန်ကစပြီး အားလုံးမေ့ပစ်ပြီး အနုပညာအလုပ်တွေကို သေချာပြန်လုပ်မယ်။ ဇာတ်ကားရိုက်ကူးမှုတွေကတော့ ဇာတ်ရုပ်တွေကို ရွေးချယ်သွားမှာပါ။ လက်ရှိမှာတော့ စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ဇာတ်ကားတွေ ရိုက်ထားတာရှိပါတယ်” လို့ ထက်ထက်မိုးဦးက ပြောပါတယ်။

မီဒီယာတွေနဲ့ အဆင်မပြေတာတွေ ရှိခဲ့ပေမယ့် နောက်ထပ်မဖြစ်အောင်နေပါ့မယ်လို့လည်း သူက ပြောပါတယ်။

အနုပညာလောကထဲကို ခိုင်မာလာနှင်းဆီ သနပ်ခါးကြော်ငြာနဲ့ စတင်ဝင်ရောက်ခဲ့တဲ့ ထက်ထက်မိုးဦးက လက်ရှိအချိန်အထိ ကြော်ငြာပေါင်း ၁၀၀၀ ဝန်းကျင်နဲ့ ရုပ်ရှင်၊ ဗီဒီယို ဇာတ်ကားပေါင်း ၃၀၀ ကျော် ရိုက်ကူးထားပြီး ပန်းသခင်နဲ့ သမီးမိုက် ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု ရရှိခဲ့ပါတယ်။

နွယ်ဏီ
AKonThi

0 comments:

Post a Comment