လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဦးဆောင်တဲ့အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ကော့စ်ဘဇားကိုသွားရောက်ခဲ့တဲ့ ခရီးစဉ်နဲ့ပတ်သတ်ပြီး ဒီကနေ့ နံနက်ပိုင်းမှာ ပြည်တွင်းပြည်ပသတင်းမီဒီယာတွေကို သတင်းစာရှင်းလင်းပွဲပြုလုပ်နေပါတယ်။
ဒီသတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)ရုံးမှာပြုလုပ်နေတာဖြစ်ပါတယ်။
ဒေါက်တာဝင်းမြတ်အေးဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ယခုလ ၁၁ရက်နေ့က ရန်ကုန်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံဘက်မှ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းအသိပေးဖို့သွားရောက်ခဲ့တယ်လို့ လူကယ်ပြန်ဝန်ကြီးက ထုတ်ပြန်ထားပါတယ်။
သွားရောက်ခဲ့တဲ့မြန်မာကိုယ်စားလှယ်အဖွဲ့မှာ အဖွဲ့ဝင်များအဖြစ် UEHRD ညှိနှိုင်းရေးမှူးချုပ် ပါမောက္ခဒေါက်တာအောင်ထွန်းသက်၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာ သက်သက်ဇင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်၊ အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်း၊ ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေး အဖွဲ့မှ ဒေါက်တာလှထွန်း၊ ဦးသန်းလွင်နှင့် ဦးတင်မြင့်တို့ ပါဝင်ပါတယ်။
Popular News Journal
0 comments:
Post a Comment