Thursday, April 19, 2018

ဒေါ်အောင်ဆန်းစုကြည်ကို ဗီယက်နမ် ဝန်ကြီးချုပ်က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို ခရီးစဉ်ပထမနေ့တွင် နားလည်မှုစာချွ န်လွှာနှစ်ခု လက်မှတ်ရေးထိုး


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ယမန်နေ့တွင် ဗီယက်နမ် နိုင်ငံသို့ ရောက်ရှိရာ ဗီယက်နမ် ဝန်ကြီးချုပ်က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ဗီယက်နမ်နိုင်ငံဝန် ကြီးချုပ် ငုယင်ဆွမ်ဖူနှင့်အတူ ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးပြီးနောက် တပ်ဖွဲ့၏ ချီတက်အလေးပြုခြင်းကို ခံယူသည်။

ယင်းနောက် နှစ်နိုင်ငံခေါင်း ဆောင်များသည် ဗီယက်နမ်နိုင်ငံ အစိုးရအဖွဲ့ရုံး၌ ပြုလုပ်သည့် နှစ်  နိုင်ငံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ ပို့ဆောင်ရေး၊ စွမ်းအင်နှင့် ဆက် သွယ်ရေး၊ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်း၊ ပညာရေး စသည့်ကဏ္ဍ စုံတွင် ပူးပေါင်းဆောင်ရွက်မှုတိုး မြှင့်ရေး၊ ပြည်သူများအကြား အပြန်အလှန် ထိတွေ့ဖလှယ်ရေး နှင့် ဒေသတွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများတွင် ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များဆွေးနွေးခဲ့သည်။

ဆက်လက်၍ ဒေါ်အောင် ဆန်းစုကြည်သည် အစိုးရအဖွဲ့ရုံး  ၌ ပြုလုပ်သည့် မြန်မာ-ဗီယက် နမ် နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည် မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ သည်။

မြန်မာ-ဗီယက်နမ်နှစ်နိုင်ငံ အကြား စာတိုက်၊ ဆက်သွယ် ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍပူးပေါင်းဆောင် ရွက်မှုဆိုင်ရာ နားလည်မှုစာချွန် လွှာနှင့် ပြန်ကြားရေးကဏ္ဍပူး ပေါင်းဆောင်ရွက်မှုဆိုင်ရာ နား လည်မှု စာချွန်လွှာကို ရေးထိုးခဲ့ သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ဗီယက်နမ်နိုင်ငံ ဝန် ကြီးချုပ်၏ ဖိတ်ကြားချက်အရ တရားဝင်ခရီးစဉ်သွားရောက်ခြင်း ဖြစ်ပြီး ဧပြီ ၁၉ နှင့် ၂၀၊ နှစ်ရက် ကြာမြင့်မည်ဖြစ်သည်။

ခရီးစဉ်အတွင်း ဒေါ်အောင် ဆန်းစုကြည်သည် ဗီယက်နမ် သမ္မတနှင့် တွေ့ဆုံရန် စီစဉ်ထား သည်။

အထက်ပါခရီးစဉ်တွင် နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အ တူ ဆက်သွယ်ရေးဝန်ကြီး ဦးသန့် စင်မောင်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်၊ သမ္မတရုံး ဒုဝန်ကြီး ဦးမင်းသူ၊ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဒုဝန်ကြီး ဦးဆက်အောင်တို့ လိုက်ပါသွားသည်။

7Day

0 comments:

Post a Comment