Monday, April 9, 2018

ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင်များ မြန်မာနိုင်ငံလာရန် အစိုးရခွင့်ပြု

ကုလသမဂ္ဂလုံခြုံရေး ကောင်စီအဖွဲ့ဝင်များ မြန်မာနိုင်ငံသို့လာ ရောက်ရန် အစိုးရက သဘောတူခွင့်ပြုပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးမြင့်သူက ယမန်နေ့တွင် အတည်ပြုသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်များ မြန်မာနိုင်ငံ  လာရောက်ရန်ရှိ၊ မရှိနှင့်ပတ်သက်၍ 7Day  Daily သတင်းစာ၏မေးမြန်းမှုအပေါ် ဦးမြင့်သူက ‘‘လာပါမယ်။ ခရီးစဉ်ကို နယူးယောက်ဘက်မှာ အပြီးသတ် ညှိဆဲပါခင်ဗျာ’’ဟု ဖြေကြားသည်။

ဗြိတိန်၊ ကူဝိတ်နှင့် ပီရူးနိုင်ငံများက ကမကထပြု၍ မြန်မာနိုင်ငံသို့ လာရောက်ရန် အဆိုပြုပြီး ကုလသမဂ္ဂလုံခြုံရေး ကောင်စီအဖွဲ့ဝင် များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ ဘင်္ဂါလီဒုက္ခသည်စခန်း များသို့လည်းသွားရောက်ရန် စီစဉ်ထားသည်။

သို့သော် မြန်မာနှင့်ဘင်္ဂလား ဒေ့ရှ်သို့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီအဖွဲ့ဝင်များ လာရောက်မည့်ရက်ကို တရားဝင် ထုတ်ပြန်ခြင်းမရှိသေးပေ။

ထို့အပြင် အဆိုပါကုလလုံ ခြုံရေးကောင်စီအဖွဲ့ဝင်များကို  မြန်မာနိုင်ငံသို့လာရောက်ခွင့်ပြု ထားသော်လည်း ရခိုင်ပြည်နယ် မြောက်ပိုင်းသို့သွားရောက်ခွင့်ပြု၊ မပြု ရှင်းလင်းစွာမသိရသေးပေ။

နယူးယောက်မြို့ရှိ ကုလ သမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ကြီး ဦးဟောက်ဒိုဆွမ်းက ကုလ  သမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် များ၏ မြန်မာနိုင်ငံခရီးစဉ်နှင့်ပတ် သက်၍ ညှိနှိုင်းနေပြီး ဆွေးနွေးမှု အဆင်ပြေပါက ဧပြီလကုန်ပိုင်း တွင် အစောဆုံးလာရောက် နိုင် မည်ဟု မျှော်လင့်ကြောင်း ပြီးခဲ့ သည့်ရက်ပိုင်း၌ VOA သတင်းဌာနအား ဖြေကြားထားသည်။

‘‘သူတို့က သွားမှာက မြန်မာ နိုင်ငံတစ်ခုတည်းမဟုတ်ဘူး ဘင်္ဂ လားဒေ့ရှ်နဲ့ ချိတ်ထားတာကို ဒီန ယူးယောက်မှာရှိတဲ့ အမြဲတမ်း ကိုယ်စားလှယ်တွေပေါ့နော်။ သူ တို့အနေနဲ့ တာဝန်ထမ်းဆောင်နေ တဲ့ အချိန်မှာလည်း ဘင်္ဂလားဒေ့ရှ် လည်း သွားချင်တယ်ဆိုတဲ့အခါ ကျတော့တစ်နိုင်ငံပဲသွားပြီးတော့ ကျွန်တော်တို့ဆီ မလာရင်လည်း တစ်ဖက်သတ်တွေဖြစ်နေမှာဆို တော့ ကျွန်တော်တို့ကမလိုလား ဘူးပေါ့နော်။ နောက်ပြီးတော့ ကျွန်တော်တို့ဖုံးကွယ်စရာ လည်း မရှိပါဘူး’’ ဟု ဦးဟောက်ဒိုဆွမ်း က VOA သတင်းဌာနအား ပြောသည်။

ဖေဖော်ဝါရီလဆန်းတွင် ကု လသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ ၀င်များနှင့်  ဥရောပသမဂ္ဂ(အီးယူ) လွှတ်တော် အမတ်များက ရခိုင်ပြည်နယ်သို့ လာရောက်လိုကြောင်းအဆိုပြုခဲ့သော်လည်း အဆိုပါခရီးစဉ်ကို မြန်မာအစိုးရက လုံခြုံရေးအခြေအနေအရ ခေတ္တရွှေ့ဆိုင်းခဲ့သည်။

7Day


0 comments:

Post a Comment