Friday, April 20, 2018

ရန်ကုန်တိုင်း၏ အိမ်ထောင်ဦးစီးအဖြစ် တာဝန်ယူထားဟု ဦးဖြိုးမင်းသိန်းပြော ၂၀၁၈ တွင် ရန်ကုန်တိုင်းကို တရားဥပဒေစိုးမိုးပြီး စီးပွားရေး ကောင်းမွန်ရေး ဆောင်ရွက်မည်

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ၎င်း သည် တိုင်းဒေသကြီး၏ အိမ် ထောင်ဦးစီးနေရာကို တာဝန်ယူ ထားပြီး ၂၀၁၈ တွင် ရန်ကုန်တိုင်း ကို တရားဥပဒေစိုးမိုးရေးနှင့် စီး ပွားရေး ကောင်းမွန်အောင် ဆောင်ရွက်မည်ဟုပြောသည်။

ဧပြီ ၂၀ ရက်က ရန်ကုန်မြို့ ရှိ ကုန်သည်စက်မှုအသင်းချုပ်ရုံး  တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေ သကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ်အကြို သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြား သည်။

‘‘ကျွန်တော်တို့ တိုင်းကို အိမ် တစ်အိမ်နဲ့ နှိုင်းယှဉ်ပြီးပြောရရင်  ဒီအိမ်ရဲ့ အိမ်ထောင်ဦးစီးသည် တိုင်းရဲ့အိမ်ထောင်ဦးစီးဘ၀ဖြင့် ကျွန်တော်က တာဝန်ယူနေရတာ ဖြစ်ပါတယ်။ ကျွန်တော့်တိုင်းမှာ  အလုပ်လုပ်နေတဲ့ လုပ်ငန်းရှင်၊ ပုဂ္ဂလိက လုပ်ငန်းရှင်များစွာရှိ တယ်။ ဒီစီးပွားရေးတွေ အောင် မြင်မယ်ဆိုရင် ကျွန်တော်တို့တိုင်းသည် စီးပွားရေးတက်မှာ ဖြစ်ပါ တယ်’’ဟု ဦးဖြိုးမင်းသိန်းကပြောသည်။

၂၀၁၈ အတွင်း ရန်ကုန်တိုင်း  ကို တရားဥပဒေစိုးမိုးရေးအပြည့်အ၀ရှိပြီး သန့်ရှင်းသည့် မြို့ဖြစ်ရန်နှင့် စီးပွားရေးကောင်းမွန်ပြီး အောင်မြင်သည့်  တိုင်းတစ်ခု ဖြစ်စေချင်ကြောင်း ၎င်းကဆက်လက် ပြောသည်။ ယခုနှစ်အတွင်း အဆိုပါမျှော်မှန်းချက်နှစ်ခု အောင်မြင်ရန် ဦးတည်အကောင်အထည်ဖော်မည်ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

တရားဥပဒေစိုးမိုးမှုနှင့် ပတ် သက်၍ ယခုနှစ်သင်္ကြန်တွင် ပြီးခဲ့ သည့်နှစ်နှင့် နှိုင်းယှဉ်ပါက မှုခင်း ဖြစ်ပွားမှု အလွန်နည်းပါးခဲ့ပြီး တိုင်းတစ်တိုင်းအနေဖြင့် မဖြစ်စလောက်နည်းပါးသည့် မှုခင်းသာရှိကြောင်း  ဦးဖြိုးမင်းသိန်းက ပြောသည်။ ထိုသို့ မှုခင်းနည်းရခြင်းသည် ပြည်သူလူထုက တရားဥပဒေစိုးမိုးရေး အဖွဲ့များနှင့် ပူးပေါင်းပါဝင်ခြင်းကြောင့် ဖြစ်ကြောင်း ၎င်းကပြောသည်။

၂၀၁၈ သင်္ကြန်ကာလတွင်  ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်မတော်တဆမှု အပါအ၀င်  သင်္ကြန်နှင့်ပတ်သက်သည့် အမှု  ၆၅ မှု ဖြစ်ပွားပြီး လေးဦး သေဆုံးကာ ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်းရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

7Day

0 comments:

Post a Comment