Thursday, April 19, 2018

"ထားဝယ်တွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်အား ကြိုဆိုထောက်ခံကြောင်း ဆိုင်းဘုတ်စိုက်ထူ"


တနင်္သာရီတိုင်း အစိုးရအဖွဲ့ရုံးစိုက်ရာ ထားဝယ်မြို့၊ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်အနီးတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အား ကြိုဆိုထောက်ခံကြောင်း ဆိုင်းဘုတ်စိုက်ထူခဲ့သည်။ 

ယနေ့ (ဧပြီ ၂၀ ရက်) နံနက် ၉နာရီတွင် ပြုလုပ်သည့်အခမ်းအနားကို တိုင်းအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော် ဖွင့်လှစ်ပေးခဲ့ပြီး ၀န်ကြီးများ၊ လွှတ်တော်ဥက္ကဋ္ဌနှင့် ဒီချုပ်ပါတီဝင်များတက်ရောက်သည်။ 

ထို့အပြင် တိုင်းအစိုးရအဖွဲ့က လူစာရင်းနှင့်တကွ မပျက်မကွက်တက်ရောက်ရန် ညွှန်ကြားချက်အရ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ထားဝယ်ပညာရေးကောလိပ်နှင့် သူနာပြုသင်တန်းကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများ အပါအ၀င်ရပ်ကျေးအုပ်ချုပ်ရေးမှူးများဦးဆောင်သော ရပ်ကွက်၊ကျေးရွာ အသီးသီးက ဒေသခံအချို့တက်ရောက်ခဲ့ကြသည်။





ဓာတ်ပုံ-စိုင်းကိုကိုထွန်း
7Day News Journal 

0 comments:

Post a Comment