Thursday, April 19, 2018

တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံခေါင်းဆောင်များ ဆွေးနွေးပွဲ ဧပြီ ၂၇ ရက် စတင်မည်


တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲကို နှစ်နိုင်ငံနယ်စပ် ပန်မွန်ဂျုံရွာအတွင်း ဧပြီ ၂၇ ရက်နေ့မှာ စတင်မယ်လို့ သိရပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ တောင်ကိုရီးယားသမ္မတ မွန်းဂျဲအင်းတို့ တက်ရောက်မယ့် အခုအစည်းအဝေးပွဲဟာ နှစ်နိုင်ငံကြား ဆယ်စုနှစ်ကျော်ကာလအတွင်း ပထမဦးဆုံး တွေ့ဆုံဆွေးနွေးမှု ဖြစ်လာမှာပါ။

နှစ်နိုင်ငံ သမိုင်းဝင်တွေ့ဆုံဆွေးနွေးမှုမှာ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် အစီအစဉ် အပါအဝင် ကဏ္ဍအသီးသီးကို ဆွေးနွေးညှိနှိုင်းသွားမှာ ဖြစ်ပါတယ်။

အခုအစည်းအဝေးပွဲဟာ ၂၀၀၀ ခုနှစ်နဲ့ ၂၀၀၇ ခုနှစ်ပြီးနောက် တတိယအကြိမ်မြောက် တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးမှုဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

DVB

0 comments:

Post a Comment