Friday, April 20, 2018

၂၁ ရာစု ပင်လုံ တတိယအစည်းအဝေး မေလနောက်ဆုံးပတ်တွင် ကျင်းပရန် သဘောတူ

ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ ၂၁ ရာစု ပင်လုံ တတိယအစည်းအဝေးကို လာမည့် မေလ နောက်ဆုံးပတ်တွင် ကျင်းပရန် သဘောတူညီခဲ့ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်နေသည့် ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များသည် ၂၁ ရာစု ပင်လုံအဆင်ပြေစွာ ကျင်းပနိုင်ရေး ဧပြီ ၂၀ ရက်တွင် နေပြည်တော်၌ အလွတ်သဘောတွေ့ဆုံဆွေးနွေးရာ ထို သို့ သဘောတူညီခဲ့သည်။‘‘အဆင်ပြေပါတယ်။ ညီလာခံကျင်းပဖို့အတွက်လည်း ဆွေး နွေးတယ်။ နိုင်ငံရေးကဏ္ဍတွေ ဆွေးနွေးတာပေါ့။ ညှိနှိုင်းရတာ အဆင်ပြေပါတယ်။ မေလ နောက်ဆုံးပတ်လောက်တော့ လုပ်ပါ မယ်’’ ဟု ဆွေးနွေးပွဲကိုယ်စား လှယ်တစ်ဦးက ပြောသည်။

၂၁ ရာစု ပင်လုံအစည်းအဝေးကို ခြောက်လ တစ်ကြိမ် ကျင်းပရန် သတ်မှတ်ထားသော် လည်း NCA လက်မှတ်ထိုးအဖွဲ့ အချို့၏ လူထုတွေ့ဆုံပွဲများနှင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေး နွေးပွဲများ မကျင်းပနိုင်ခြင်း အပါ အဝင် မပြေလည်မှုများရှိနေ၍ အ ကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ရပြီး တစ် နှစ်ခန့်ကြာသည်အထိ မကျင်းပ နိုင်ဘဲ ဖြစ်နေသည်။

ထိုသို့ နိုင်ငံရေးဆွေးနွေးပွဲ များ တစ်ဆို့နေမှုကို အဖြေရှာရန် ဧပြီလဆန်းတွင် ထိုင်းနိုင်ငံ၌ ပြုလုပ်သော NCA လက်မှတ် ထိုး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ၏ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အ ဖွဲ့ (PPST) အစည်းအဝေးက ဆုံးဖြတ်ခဲ့ပြီး ကရင်အမျိုးသား အစည်းအရုံး (KNU) ဒုဥက္ကဋ္ဌ ပဒို စောကွယ်ထူးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို နေပြည် တော်သို့ စေလွှတ်၍ အစိုးရကိုယ် စားလှယ်အဖွဲ့နှင့် ယခုကဲ့သို့အ လွတ်သဘောဆွေးနွေးစေခဲ့သည်။

7Day

0 comments:

Post a Comment