နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ လွတ်ငြိမ်းသက်သာ ခွင့်ဖြင့် ဧပြီ ၁၇ ရက်တွင် သေဒဏ် ကျခံနေရာမှ လွတ်မြောက်လာသူ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) တပ်မှူး ဒုဗိုလ်မှူးကြီး ခွန်ကျော်(ခေါ်)ဦးသံချောင်းအနေဖြင့် အဖွဲ့တွင် ဆက်လက် တာဝန်ယူခွင့်ရှိသည်ဟု RCSS အကြံပေး ဦးခွန်းဆေက ပြောသည်။
၁၂ နှစ်အကြာ အကျဉ်းကျ ခံရပြီး ပြန်လည်လွတ်မြောက်လာ သည့် ဦးသံချောင်းအပါအဝင် RCSS တပ်ဖွဲ့ဝင်သုံးဦးအဖွဲ့တွင် တာဝန်ဆက်လက်ထမ်းဆောင် ခြင်းပြု၊ မပြုသည် ကာယကံရှင်များ၏ဆန္ဒအပေါ် မူတည်သည်ဟု RCSS တာဝန်ရှိသူများက ဧပြီ ၁၇ ရက်တွင် ပြောကြောင်း ဦးခွန်း ဆေက ဆိုသည်။ ဦးသံချောင်း၊ စိုင်းသာထူးနှင့် စိုင်းဘုန်းတင့်တို့ သည် ၂၀၀၆ တွင် ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်အတွင်း အဖမ်း ခံရသည်ဟု ၎င်းက ဆိုသည်။
ဦးသံချောင်းအနေဖြင့် မူလ ရည်မှန်းချက်အတိုင်း ခရီးလမ်း ဆုံးခန်းတိုင်အောင် ဆက်လက် လျှောက်လှမ်းစေချင်သည်ဟု လည်း ၎င်းကတိုက်တွန်း သည်။
ဦးသံချောင်း အပါအဝင် လွတ်မြောက်လာသူ သုံးဦးသည် RCSS ဌာနချုပ် လွယ်တိုင်းလျန် စတင်တည်ထောင်ခဲ့သည့် ၁၉၉၉ ကတည်းက RCSS တွင် ပါဝင်ခဲ့ သူများဖြစ်သည်။
ပြန်လည်လွတ်မြောက်လာ သည့် ဦးသံချောင်းအနေဖြင့် ၎င်း ၏ရွာ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ရွာသို့ ပြန်သွားပြီဟု ယူဆရကြောင်း ဦးသံချောင်းနှင့် ဧပြီ ၁၇ ရက်တွင် တွေ့ဆုံခဲ့သည့် ရှမ်းတိုင်းရင်းသားများဒီမို ကရေစီအဖွဲ့ချုပ်(SNLD) အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့် လွင်က ပြောသည်။ ဦးသံချောင်း အနေဖြင့် RCSS တွင် ဆက်လက်တာဝန်ယူမည်၊ မယူမည်ဆိုသည် ကို ပြောဆိုခဲ့ခြင်းမရှိကြောင်း ၎င်း က ဆိုသည်။
ဦးသံချောင်းသည် မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်ဖွဲ့ဝင်ဟောင်းလည်းဖြစ်ပြီး ၁၉၉၂ က ABSDF (မြောက်ပိုင်း) ပါဂျောင်ဒေသတွင် ကျောင်းသား ခေါင်းဆောင်များသတ်ဖြတ်ခံရမှု ၌ အဓိကတာဝန်ရှိသူတစ်ဦးဖြစ် သည်ဟု စွပ်စွဲပြောဆိုမှုများရှိ သည်။ ထို့ကြောင့် ၎င်းကို နိုင်ငံ ရေးအကျဉ်းသားစာရင်းတွင် ထည့်သွင်းခဲ့သော နိုင်ငံရေးအ ကျဉ်းသားများကူညီစောင့်ရှောက် ရေးအသင်း (AAPP) ကိုလည်း ဝေဖန်မှုများရှိခဲ့သည်။
ဦးသံချောင်းကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ် ထားခြင်းသည် RCSS အဖွဲ့ဝင်အဖြစ် ဖမ်းဆီးခံရခြင်းကြောင့် ဖြစ်သည်ဟု AAPP က ပြန်လည်ရှင်းလင်းထားသည်။ ABSDF (မြောက်ပိုင်း) တွင် ဖြစ်ပွားခဲ့ သည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ အရေးယူခြင်း၊ မယူခြင်း၊ တရားစွဲဆိုခြင်း၊ မစွဲဆိုခြင်းသည် ပါဝင်ပတ်သက်သူများနှင့် တိုက်ရိုက် သက်ဆိုင်ပြီး ဥပဒေကြောင်းအရ ဆောင်ရွက်ရမည်ဟု AAPP က ဆိုသည်။
7Day
0 comments:
Post a Comment