Friday, April 20, 2018

YBS စနစ် ရာခိုင်နှုန်း ၄၀ ၀န်းကျင် သာ အောင်မြင်မှုရရှိဟုဆို


YBS စနစ် ပြောင်းလဲပြေးဆွဲသည့် တစ်နှစ်ကျော် ကာလအတွင်း ရာခိုင်နှုန်း ၄၀ ၀န်းကျင်သာ အောင်မြင်မှုရရှိသည်ဟု ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက်မှ သိရသည်။

YBS စနစ်အပြည့်အဝ အောင်မြင်မှုရနိုင်ရန်အတွက် တစ်ဦးချင်းပိုင် ယာဉ်လိုင်းများကို အများပိုင်ကုမ္ပဏီအဖြစ် ဖွဲ့စည်းခြင်း၊ ဘတ်စ်ကားများကို အများပိုင်ကားအဖြစ် ပြောင်းလဲခြင်း၊ ယာဉ်စီးခများကို ကတ်စနစ်ဖြင့် ဆောင်ရွက်ရန် လိုအပ်နေသေးကြောင်း သိရသည်။ သို့သော် လက်ရှိတွင် တစ်ဦးချင်းပိုင်ယာဉ်လိုင်းများကို အများပိုင်အဖြစ် မဖွဲ့စည်းနိုင်သည့်အပြင် ယာဉ်စီးခကို ကတ်စနစ်ဖြင့် ပေးချေသည့် စနစ်ကို လည်း စတင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

“ YBS စနစ်အောင်မြင်ဖို့အတွက် ဌာနဆိုင်ရာက တာဝန်ရှိသူတွေနဲ့ ပြည်သူတွေက ပူးပေါင်းပါဝင်ဖို့ လိုအပ်ပါတယ်။ သူတို့ပြောတော့ အများပိုင်ကုမ္ပဏီတွေကို ၈ ခုပဲ ထားမယ်ဆိုပြီး အများကြီး ဖြစ်နေတယ်။ ပြီးတော့ ဘတ်စ်ကားစနစ် တစ်ခုတည်းမဟုတ်ပဲနဲ့ ရထားနဲ့ သယ်ယူပို့ဆောင်တာတွေ၊ ရေကြောင်းနဲ့ သယ်ယူပို့ဆောင်တွေကို သေချာလေး လုပ်သင့်တယ်။ နိုင်ငံတကာမှာ ဆိုရင် ရထားကို ပိုပြီးအသုံးပြုတာများတယ်”ဟု ဗန္ဓုလ သယ်ယူပို့ဆောင်ရေးကုမ္ပဏီလီမိတက်မှ အကြံပေးအရာရှိ ဦးမျိုးမြင့် က ပြောသည်။

မြို့တွင်း၌ ယာဉ်အစီးရေ ၄၀၀၀ ဝန်းကျင်တွင် အစီးရေ ၂၀၀၀ ကျော်မှာ ကုမ္ပဏီပိုင်ကားများဖြစ်ပြီး ကျန်ရှိသည့် ယာဉ်အစီးရေမှာ တစ်ဦးချင်းပိုင်များဖြစ်ကြောင်း၊ အဆိုပါ တစ်ဦးချင်းပိုင်ယာဉ်လိုင်းများကို ယခုနှစ်အတွင်း အပြီးပိုင် ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

Akonthi

0 comments:

Post a Comment