Tuesday, June 5, 2018

ပြည်ထောင်စုမှ ခွဲမထွက်ရေး ၂၁ ရာစုပင်လုံတွင် မဆွေးနွေးရန် အစိုးရနှင့် အပစ်ရပ်အဖွဲ့များ သဘောတူ ၂၁ ရာစုပင်လုံကို ယခုလကုန်ကစ၍ ငါးရက်ကျင်းပရန် လျာထား


အစိုးရနှင့် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအကြား ညှိနှိုင်းမရဖြစ်နေ သည့် ပြည်ထောင်စုမှခွဲမထွက်ရ ကိစ္စကို လာမည့်ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစု ပင်လုံ တတိယအစည်းအဝေးတွင်  မဆွေးနွေးဘဲညီလာခံပြီးမှ ဆွေး နွေးရန် သဘောတူခဲ့ကြောင်းနှစ် ဖက်ကိုယ်စားလှယ်များကပြော ကြားသည်။
မေလကုန်က ပြုလုပ်သည့် အစိုးရနှင့် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များ၏ အလွတ် သဘော ဆွေးနွေးပွဲတွင် ထိုသို့ သဘောတူခဲ့၍ ၂၁ရာစုပင်လုံ အစည်းအဝေးကို ဇွန်လ ၃၀ ရက် ၌ ကျင်းပရန် သတ်မှတ်နိုင်ခဲ့ ကြောင်း ပအိုဝ်းအဖွဲ့ (PNLO) ဦး ဆောင်နာယက ဗိုလ်မှူးကြီး ခွန်  ဥက္ကာက ပြောသည်။

‘‘ဒီနိုင်ငံတော်၏ အစိတ်အ ပိုင်းက ခွဲမထွက်ရဆိုတာက တ ကယ်တော့ ဖက်ဒရယ်အခြေခံမူ မဟုတ်ဘူးဗျ။ နိုင်ငံရေးတောင်းဆို ချက်ဖြစ်တယ်။ ဒါကြောင့် ကျွန် တော်တို့က ဖက်ဒရယ်အခြေခံမူတွေရအောင် အစိုးရကလည်း ကြိုးပမ်းတယ်ဆိုတဲ့နေရာမှာ ဒါ က ကန့်လန့်သွားဖြစ်တယ်။ အဲဒါ  ပြေလည်မှ ပင်လုံခေါ်မယ်ဆိုရင်  ပင်လုံက ဖြစ်မှာမဟုတ်ဘူး’’ ဟုဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

အစိုးရကိုယ်စားလှယ် ဦး ဇော်ဌေးကမူ ‘‘အဲဒီခွဲမထွက်ရနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူ ရေး Pakage ကို ဆွေးနွေးမယ်။ ညှိ လို့နှိုင်းလို့မရလို့ ဒီတစ်ခေါက်တ တိယ အစည်းအဝေးမှာတော့ ခဏလေးထားလိုက်။ မဆွေးနွေး  ဘူးမဟုတ်ဘူး၊ တတိယအစည်း အဝေးပြီးတာနဲ့ဆွေးနွေးမယ်’’ ဟု ပြောသည်။

၂၁ ရာစုပင်လုံတတိယ အ  စည်းအဝေးကို ဇွန်လ ၃၀ရက်က စ၍ ငါးရက်ကြာ ကျင်းပရန် လျာ ထားပြီး ပြည်ထောင်စုငြိမ်းချမ်း ရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) တွင် ဆွေးနွေးအတည် ပြုမည်ဟု ၎င်းကဆိုသည်။

တိုင်းရင်းသားများအနေဖြင့်  ပြည်ထောင်စုမှ ခွဲထွက်ခိုင်းသည့် တိုင်ခွဲထွက်မည်မဟုတ်ကြောင်း၊  သို့ရာတွင် ပြည်ထောင်စုမှခွဲမ ထွက်ရ ဆိုသည့်အချက်သည် ဖက်ဒရယ် အခြေခံမူမဟုတ်ဘဲ ကြိုတင်ကန့်သတ်ချက်တစ်ခု ဖြစ် နေ၍ ဖက်ဒရက်အခြေခံမူများ ဆွေး နွေးပြီးမှသာ ကိုယ်တွယ်သင့် ကြောင်း ကရင်အမျိုးသားအစည်း  အရုံး (KNU) အထွေထွေအ တွင်းရေးမှူး ပဒိုစောတာဒိုမူးက ပြောသည်။ အဆိုပါပြည်ထောင် စုမှ ခွဲမထွက်ရကိစ္စစားပွဲဝိုင်းသို့ ရောက်ရှိလာခြင်းသည် တစ် ဖက်နှင့်တစ်ဖက်အကြား မယုံ ကြည်မှုများနက်ရှိုင်းစွာ ရှိနေ၍ဟု ၎င်းကဆိုသည်။

အဆိုပါ ပြည်ထောင်စုမှခွဲ မထွက်ရ (နိုင်ငံတော်၏ နယ်မြေ  အပိုင်းအခြားဟူသမျှသည် နိုင်ငံ တော်မှ မည်သည့် အခါမှခွဲမထွက် ရ) ဆိုသည့်အချက်သည် ၂၀၁၇ မေလက ပြုလုပ်သည့် ၂၁ရာစု ပင်လုံဒုတိယ အစည်းအဝေးက တည်းက ပြေလည်မှုမရခဲ့သည့် အဓိက အချက်တစ်ချက်ဖြစ် သည်။  

အဆိုပါ ခွဲမထွက်ရကိစ္စကို  ပအိုဝ်းလူမျိုးအလိုက် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲ၊ ဒေ သအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (ရှမ်းပြည် နယ်)၊ ဒေသအလိုက်အမျိုးသား အဆင့်နိုင်ငံရေး ဆွေးနွေးပွဲ (တနင်္သာရီ)၊ ဒေသအလိုက်အ မျိုးသားအဆင့် နိုင်ငံရေးဆွေးနွေး ပွဲ (ပဲခူး) တို့မှ တင်သွင်းလာခြင်း ဖြစ်သည်။

ပြည်ထောင်စုမှ ခွဲမထွက်ရ ဆိုသည်ကို တိုင်းရင်းသားများက  လက်မခံခြင်းမဟုတ်ကြောင်း၊ NCA လက်မှတ်ထိုးပြီးသည့်တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ နှင့် မထိုးရသေးသည့် အဖွဲ့အား လုံးနီးပါးက ၂၀၀၅ ကတည်းက ခွဲထွက်ခွင့်ကို မတောင်းဆိုရန်မူ ၀ါဒ ချမှတ်ထားကြောင်း ချင်း အမျိုးသားတပ်ဦး (CNF) ဒုဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောကြားထားသည်။

7Day

0 comments:

Post a Comment