Tuesday, June 5, 2018

မည်သူ့ကိုမှ ရည်ရွယ်ရေးသားခြင်းမဟုတ်သည့်အတွက် တရားစွဲဆိုပါက ဖြေရှင်းမည်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တုံ့ပြန်


ရမ်းဗြဲမဲဆန္ဒနယ်အမှတ်(၂)မှပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အား ရခိုင်ပြည်နယ် ပညာရေးဒုတိယညွန်ကြားရေးမှူး ဦးစိန်ထွန်းလှမှ ပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်လှစ်ထားရာတွင်မည်သူကိုမှရည်ရွယ်ရေးသားခြင်းမဟုတ်သည့် အတွက် ပြန်လည်ဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးသန်းမောင်ဦးက ပြောကြားသည်။
''ကျွန်တော်က ဘယ်သူ့ကိုမှရည်ရွယ်ပြီးရေးခဲ့တာမဟုတ်ဘူး။ကျွန်တော်တို့ ရခိုင်ပြည်နယ်က အဘက်ဘက်မှာအောက်ဆုံးရောက်နေတယ်။ဒါကို ရခိုင်ပြည်သူတွေအနေနဲ့သိအောင်။မြှင့်တင်နိုင်အောင် နှိုးဆော်တဲ့သဘောနဲ့ရေးခဲ့တာပါ။ဘယ်သူပိုမှထိခိုက်ပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့ရေးခဲ့တာမဟုတ်ပါဘူး''ဟု ရမ်ဗြဲမဲဆန္ဒနယ်အမှတ်(၂)မှပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးကပြောကြားသည်။

ဇွန် ၂ ရက် က ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းထွက်ရှိပြီးနောက် လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားခဲ့မှုနှင့်ပတ်သက်၍ ပြည်နယ်ပညာရေးဒုတိယညွန်ကြားရေးမှူးးက ရမ်းဗြဲပြည်နယ်အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးအား စစ်တွေမြို့မရဲစခန်းတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်လှစ်မှုနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်သန်းအား စစ်ဆေးမေမြန်းရန် ပြည်နယ်အစိုးရက လွှတ်တော်သို့တောင်းခံထားသော်လည်း လွှတ်တော်ကျင်းပနေသည့်အတွက် ခွင့်ပြုချက်မရသေးကြောင်းသိရသည်။

''ပြည်နယ်အစိုးရကတော့ စစ်မေးနိုင်ဖို့လွှတ်တော်ဥက္ကဆီကို စာပို့တယ်။အခုလောလောဆယ်တော့ လွှတ်တော်ဥက္ကဌ ခွင့်ပြုထား တာမရှိသေးဘူး''ဟု လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးက ဆက်လက်ပြောကြားသည်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးတင်မောင်သန်းအား ၆၆(ဃ) ဖြင့်အမှုဖွင့်လှစ်ထားမှုနှင့်ဖမ်းဆီးစစ်ဆေးရန် ပြည်နယ်အစိုးရလွှတ်တော်သို့တောင်းခံထားအခြေအနေနှင့်ပတ်သက်၍ စစ်တွေမြို့ မရဲစခန်းအား ဆက်သွယ်သော်လည်း ဆက်သွယ်၍မရပေ။

ကိုလူသစ်
The Fifth Wave News

0 comments:

Post a Comment