Saturday, September 29, 2018

ဘားအံမြို့နယ် အကျဉ်းထောင်(တောင်ကလေး)မှ ထွက်ပြေးလွတ်မြောက်သူများအနက် တစ်ဦးကို ထပ်မံဖမ်းမိ



ဘားအံမြို့နယ် အကျဉ်းထောင်(တောင်ကလေး)မှ အကျဉ်းသား/ အချုပ်သား ထွက်ပြေးလွတ်မြောက်သွားသူများ အနက် တစ်ဦးကို ထပ်မံဖမ်းဆီးမိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ 
စက်တင်ဘာလ ၂၈ ရက်နေ့ က မြဝတီမြို့နယ်၊ ထားလော့ကျေးရွာ၌ မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဦးစီးပူးပေါင်းအဖွဲ့မှ ပို့/သွင်းဥပဒေပုဒ်မ ၈၊ လက်နက်ပုဒ်မ ၁၉(စ)၊ မူး/စိတ်ပုဒ်မ ၁၅ နှင့် မူး/စိတ်ပုဒ်မ ၁၉(က)အမှုတို့မှ အကျဉ်းသား ရန်နိုင်(ခ)ဆန်းဝင်း(၄၇)နှစ်အား ထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ 

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့ က ဘားအံမြို့နယ် အကျဉ်းထောင်(တောင်ကလေး)မှ အကျဉ်းသား ကျော်မိန်လ(ခ) အရှောင်(ခ)ကျော်ဖကုလား(ခ)မိန်လ(၃၃)နှစ်ပါ အကျဉ်းသား ၄၂ ဦး(ထောင်ကျ ၃၀၊ အချုပ်သား ၁၂) လွတ်မြောက်သွားခဲ့ရာ စက်တင်ဘာလ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အထိ အကျဉ်းသား ၁၇ ဦး၊ အချုပ်သား ၇ ဦးတို့ ပြန်လည်ဖမ်ဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ 

The Ladies News

0 comments:

Post a Comment