Saturday, September 29, 2018

မြန်မာ့ဆက်သွယ်ရေး ၀န်ထမ်း (၅) ဦးကို ဂျပန်နိုင်ငံသို့ Telecom Service ပိုင်းအတွက် အထူးသင်တန်းစေ လွှတ်


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)နှင့် ဂျပန်နိုင်ငံ၏ ဆက်သွယ်ရေး အော်ပရိတ်တာ တစ်ခုဖြစ်သည့် KDDI တို့ ပူးပေါင်းပြီး MPT ၏ ဌာနအသီးသီးမှ ၀န်ထမ်း (၅) ဦးကို Telecom Service နည်းပညာပိုင်းအတွက် အထူး သင်တန်း စေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။ 
အဆိုပါ ၀န်ထမ်း(၅)ဦးသည် လာမည့် အောက်တိုဘာလမှ ၂၀၁၉ စက်တင်ဘာလ အထိ KDDI ၏ Telecom Service နည်းပညာများကို တစ်နှစ်ကြာ သင်ယူသွားရမည် ဖြစ်သည်။ 
“အာလုံးသိတဲ့ အတိုင်းပါပဲ။ ဂျပန်နိုင်ငံ ဆိုတာက နည်းပညာ အများကြီး ဖွံ့ဖြိုးတိုးတက်တယ်၊ ဂျပန်နိုင်ငံမှာ Telecom Oprater (၃)ခုရှိတယ်၊ ဒီ KDDI ကလည်း တစ်ခုအပါအ၀င် ဖြစ်တယ်၊ ဒီလိုကုမ္ပဏီကြီးကနေ ကျွန်မ တို့အတွက် လိုအပ်နေတဲ့ နည်းပညာတွေကို သင်ကြားပေးနိုင်မယ် ဆိုတော့ အရမ်းကောင်းပါတယ်၊ အခုရွေး ချယ်စေလွှတ်မယ့် (၅) ယောက်ကိုလည်း ကျွန်မတို့အနေနဲ့ ဒီမှာ အင်္ဂလိပ်စာ၊ ကွန်ပျူတာတို့ကို အဆင့်ဆင့် စစ်ဆေးပြီး ရွေးချယ်ခဲ့တာပါ။ သူတို့ကို လိုအပ်ချက်ရှိလို့ စေလွှတ်တာ မဟုတ်ဘဲ ပိုပြီင်္း နည်းပညာပိုင်းတွေကို ထိထိရောက်ရောက် သိစေချင်တဲ့အတွက် စေလွှတ်ရခြင်း ဖြစ်ပါတယ်” ဟု MPT ၏ သင်တန်းမန်နေဂျာ ဒေါ်လဲ့ နှင်းဆီက ပြောသည်။ 
ယခု စေလွှတ်ခံရသော ၀န်ထမ်း (၅) ဦးအနေဖြင့် ပထမ (၃) လအတွင်း ဂျပန်စကားကို ပထမဆုံးသင်ယူရမည် ဖြစ်ပြီး၊ သီအိုရီပိုင်းဆိုင်ရာ အချက်အလက်များကို လက်တွေ့သင်ကြားမှုများလည်း လုပ်ဆောင်သွားရမည် ဖြစ် သည်။ 
“ကျွန်မတို့အနေနဲ့ ဂျပန်နိုင်ငံရဲ့ ထိပ်တန်းအော်ပရိတ်တာ တစ်ခုဖြစ်တဲ့ KDDI ကို သွားပြီး သူတို့ရဲ့ ဖွံ့ဖြိုးမှု တိုး တက်နေမှု တွေအပြင် ဈေးကွက်အခြေအနေတွေကိုလည်း လေ့လာခွင့်ရရှိမှာ ဖြစ်သလို အတွေ့အကြုံ ကောင်း တွေလည်း အများကြီးရရှိမှာ ဖြစ်ပါတယ်၊ ဒီအခွင့်အရေးကို အကောင်းဆုံး အသုံးချပြီး ရရှိလာတဲ့ အတွေ့အကြုံ တွေကို ပြန်ပြီးမျှဝေပေးသွားမှာ ဖြစ်ပါတယ်”ဟု သင်တန်းအတွက် စေလွှတ်ခံရသူ ဒေါ်ဇာလီဇင် သိန်းက ပြော သည်။ 
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ယခုလိုစေလွှတ်ခြင်းသည် ဒုတိယအကြိမ်မြောက် ဖြစ်ပြီး ပထ မ အကြိမ်တွင်လည်း (၄) ဦးစေလွှတ်ခဲ့ကြောင်း သိရသည်။ 
အဆိုပါ သင်တန်းသည် စာတွေ့အပြင် လက်တွေ့ပိုင်းလည်း သင်ကြားပေးမည် ဖြစ်သောကြောင့် မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းအတွက် နည်းပညာသစ်များ ရရှိစေလိုခြင်းကြောင့် ယခုလို စေလွှတ်ခြင်း ဖြစ်ကြောင်း သိရသည်။ 

ထက်ဝေလင်း(အကုန်သိ သတင်းဌာန)

0 comments:

Post a Comment