Saturday, September 29, 2018

တရုတ်တွင် မြူနှင်းကြောင့် လေကြောင်းခရီးစဉ် ၂ဝ ကျော် နှောင့်နှေး


တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းနဲ့ မြောက်ပိုင်းက မြို့တွေမှာ မြူတွေ အကြီးအကျယ်ရစ်သိုင်းနေလို့ အဝေးပြေး ယာဉ်ကြောတွေနဲ့ လေကြောင်းခရီးစဉ်တွေ နှောင့်နှေးခဲ့ရပါတယ်။ 
တရုတ်မြောက်ပိုင်းက ပေကျင်၊ တီယန်ကျင့်၊ ဟော်ဘေး၊ အနောက်မြောက်ပိုင်းက ရှန်းရှီးနဲ့ ကန်စု မြို့တွေမှာ အမျိုးသား မိုးလေဝသဌာနက ဒုတိယအဆင့်ဖြစ်တဲ့ အဝါရောင်အဆင့် တပ်လှန့်ထားပါတယ်။ 

မနက်ပိုင်းမှာ တီယန်ကျင့်မြို့ စည်ပင် နယ်နိမိတ်အတွင်း အဝေးပြေးလမ်းအားလုံးကို ပိတ်ထားရပါတယ်။ 

လမ်းဆုံတွေမှာ ဒေသခံ ယာဉ်ထိန်းရဲတွေကိုလည်း တာဝန်ချထားရပါတယ်။ လေကြောင်းခရီးစဉ် ၂ဝ ကျော် ခရီးစဉ် နှောင့်နှေးခဲ့တာပါ။ 

တရုတ်မြို့တော် ပေကျင်းမှာ မြူထူတွေ အကြီးအကျယ်ကျနေလို့ တချို့နေရာတွေမှာ မြင်နိုင်စွမ်းက မီတာ ၅ဝဝ အောက်ကို ကျဆင်းခဲ့ပြီး လမ်းတချို့ ပိတ်ထားခဲ့ရပါတယ်။ 

ဟော်ဘေး ပြည်နယ်အတွင်း တချို့ အဝေးပြေးလမ်းတွေ ပိတ်ထားရလို့ ကားတွေ အကြီးအကျယ် သောင်တင်နေခဲ့ပါတယ်။

DVB
ဂျ

0 comments:

Post a Comment