အမေရိကန်နိုင်ငံ တောင်ပိုင်းနဲ့ အနောက်ပိုင်းပြည်နယ် အများအပြားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြင့်မားနေပြီး အရီဇိုးနားနဲ့ ဖလော်ရီဒါပြည်နယ်တွေမှာ စနေနေ့က တစ်ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စံချိန်တင်လောက်အောင် တွေ့ခဲ့ရပါတယ်။
တောင်ပိုင်းက တက္ကဆက်စ်ပြည်နယ်မှာလည်း ကူးစက်သူ တိုးလာနေတာကြောင့် အချိန်မတန်သေးဘဲ အရက်ဘားတွေ ပြန်ဖွင့်ခွင့်ပေးခဲ့တာအတွက် နောက်တရကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး Greg Abbott က ပြောပါတယ်။
စနေနေ့အထိဆို ကမ္ဘာတလွှားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၀ သန်းနီးပါး ရှိနေပြီဖြစ်ပြီး သေဆုံးရသူက ၅ သိန်းနီးပါး ရှိနေတယ်လို့ အမေရိကန် Johns Hopkins စစ်တမ်းမှာ ဖော်ပြပါတယ်။
အမေရိကန်နိုင်ငံမှာတော့ ကူးစက်ခံရသူ ၂ သန်းခွဲနီးပါးနဲ့ ကမ္ဘာတလွှား ကူးစက်ခံရသူ အားလုံးရဲ့ လေးပုံတပုံလောက်ရှိပြီး အများဆုံးဖြစ်နေသလို ဘရာဇီးက ၁.၃ သန်းနဲ့ ဒုတိယအများဆုံးဖြစ်ပြီး ရုရှားက ၆ သိန်းကျော်နဲ့ တတိယ အများဆုံးပါ။
crd-voa #Myanmar_Online_News
>>zawgyi<<
အရက်ဘားတွေ ပြန်ဖွင့်ခွင့်ပေးပြီးနောက် အမေရိကန် ပြည်နယ်တချို့မှာ ကူးစက်မှုနှုန်း စံချိန်တင်မြင့်တက်
Sunday, June 28, 2020
အမေရိကန်နိုင်ငံ တောင်ပိုင်းနဲ့ အနောက်ပိုင်းပြည်နယ် အများအပြားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြင့်မားနေပြီး အရီဇိုးနားနဲ့ ဖလော်ရီဒါပြည်နယ်တွေမှာ စနေနေ့က တစ်ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စံချိန်တင်လောက်အောင် တွေ့ခဲ့ရပါတယ်။
တောင်ပိုင်းက တက္ကဆက်စ်ပြည်နယ်မှာလည်း ကူးစက်သူ တိုးလာနေတာကြောင့် အချိန်မတန်သေးဘဲ အရက်ဘားတွေ ပြန်ဖွင့်ခွင့်ပေးခဲ့တာအတွက် နောက်တရကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး Greg Abbott က ပြောပါတယ်။
စနေနေ့အထိဆို ကမ္ဘာတလွှားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၀ သန်းနီးပါး ရှိနေပြီဖြစ်ပြီး သေဆုံးရသူက ၅ သိန်းနီးပါး ရှိနေတယ်လို့ အမေရိကန် Johns Hopkins စစ်တမ်းမှာ ဖော်ပြပါတယ်။
အမေရိကန်နိုင်ငံမှာတော့ ကူးစက်ခံရသူ ၂ သန်းခွဲနီးပါးနဲ့ ကမ္ဘာတလွှား ကူးစက်ခံရသူ အားလုံးရဲ့ လေးပုံတပုံလောက်ရှိပြီး အများဆုံးဖြစ်နေသလို ဘရာဇီးက ၁.၃ သန်းနဲ့ ဒုတိယအများဆုံးဖြစ်ပြီး ရုရှားက ၆ သိန်းကျော်နဲ့ တတိယ အများဆုံးပါ။
crd-voa #Myanmar_Online_News
0 comments:
Post a Comment