Sunday, June 28, 2020

ဆေးရုံဆင်းခွင့်ရသည်ံ့ COVID-19 လူနာအမှတ် (၂၄၅) နေရပ် ဆိုက်ခေါင်သို့ ရောက်ရှိ

တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူခဲ့သော ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာမှ COVID-19 ပိုးတွေ့အတည်ပြုလူနာ အမှတ် (၂၄၅) သည် ရောဂါမှ ပြန်လည်သက်သာလာသဖြင့် ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်ကာ ယနေ့ ဇွန်လ ၂၈ ရက်၊ နေ့လယ်ပိုင်းတွင် ဆိုက်ခေါင်သို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။
ယင်း လူနာအမှတ် (၂၄၅)သည် ကချင်ပြည်နယ်၊ မြစ်ဆုံဒေသတွင် ပခုက္ကူမှ အခြားသူများနှင့်အတူ လမ်းလုပ်ငန်း သွားရောက်လုပ်ကိုင်ပြီးနောက် ပြန်လာသူဖြစ်ကာ ဆိုက်ခေါင်ကျေးရွာသို့ မေလ ၂၁ ရက်တွင် ပြန် ရောက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဇွန်လ ၉ ရက်၊ ည ၈ နာရီအချိန် ထုတ်ပြန်ချက်အရ COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
crd-Kanbawza Tai News #Myanmar_Online_News
>>zawgyi<<
ဆေးရုံဆင်းခွင့်ရသည်ံ့ COVID-19 လူနာအမှတ် (၂၄၅) နေရပ် ဆိုက်ခေါင်သို့ ရောက်ရှိ
Sunday, June 28, 2020
တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူခဲ့သော ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာမှ COVID-19 ပိုးတွေ့အတည်ပြုလူနာ အမှတ် (၂၄၅) သည် ရောဂါမှ ပြန်လည်သက်သာလာသဖြင့် ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်ကာ ယနေ့ ဇွန်လ ၂၈ ရက်၊ နေ့လယ်ပိုင်းတွင် ဆိုက်ခေါင်သို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။
ယင်း လူနာအမှတ် (၂၄၅) သည် ကချင်ပြည်နယ်၊ မြစ်ဆုံဒေသတွင် ပခုက္ကူမှ အခြားသူများနှင့်အတူ လမ်း လုပ်ငန်း သွားရောက်လုပ်ကိုင်ပြီးနောက် ပြန်လာသူဖြစ်ကာ ဆိုက်ခေါင်ကျေးရွာသို့ မေလ ၂၁ ရက်တွင် ပြန် ရောက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဇွန်လ ၉ ရက်၊ ည ၈ နာရီအချိန် ထုတ်ပြန်ချက်အရ COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
crd-Kanbawza Tai News #Myanmar_Online_News

0 comments:

Post a Comment