အိန္ဒိယနယ်စပ်မှာရှိတဲ့ တပ်ဖွဲ့တွေကို လေ့ကျင့်ပေးဖို့အတွက် တရုတ်နိုင်ငံက သိုင်းဆရာအယောက် ၂၀ ကို တိဗက်ကုန်းမြင့်ဒေသဆီ စေလွှတ်ခဲ့ပြီး နယ်စပ်တပ်ဖွဲ့တွေကို သိုင်းဆရာတွေနဲ့ လေ့ကျင့်ခိုင်းရတဲ့ တရားဝင် အကြောင်းရင်းကိုတော့ တရုတ်အစိုးရက မထုတ်ပြန်သေးပါဘူး။
ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ဟိမ၀န္တာနယ်စပ်မှာ တရုတ်နယ်ခြားစောင့်တပ်ဖွဲ့တွေနဲ့ အိန္ဒိယစစ်သည်တွေ တိုက်ပွဲဖြစ်ပွားခဲ့လို့ အနည်းဆုံး အိန္ဒိယစစ်သည်အယောက် ၂၀ သေဆုံးခဲ့ပြီးနောက်မှာ အခုလို သတင်းထွက်လာခဲ့တာပါ။
၁၉၉၆ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ သဘောတူစာချုပ်အရ တရုတ်နဲ့အိန္ဒိယတပ်ဖွဲ့တွေက အဲဒီဒေသမှာ သေနတ်နှင့် ဖောက်ခွဲရေးပစ္စည်းတွေ သယ်ဆောင်အသုံးပြုခွင့်မရှိပါဘူး။ ဇွန်လ ၁၅ ရက်က ဂယ်ဝမ်တောင်ကြားတိုက်ပွဲမှာ တရုတ်စစ်သည်တွေက သံချောင်းရိုက်သွင်းထားတဲ့ သံတုတ်တွေ အသုံးပြုခဲ့တယ်ဆိုတဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ တရုတ်စစ်သည် ဘယ်လောက်ကျဆုံးခဲ့သည်ဆိုတာကို တရုတ်နိုင်ငံက ထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။
အန်ဘိုတိုက်ခိုက်ရေးအားကစားကလပ်ရဲ့ သိုင်းဆရာအယောက် ၂၀ က တိဗက်ဒေသမြို့တော် လာဆာမြို့မှာ အခြေချနေထိုင်မယ်လို့ CCTV သတင်းဌာနမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ တရုတ်နယ်ခြားစောင့်တပ်ဖွဲ့တွေကို လေ့ကျင့်ပေးမှာ ဟုတ်၊ မဟုတ်ဆိုတာကိုတော့ အတည်ပြုခဲ့ခြင်း မရှိပါဘူး။
crd- ရိုးရာလေး #Myanmar_Online_News
>>zawgyi<<
အိန္ဒိယ-တရုတ်နယ်စပ်သို့ တရုတ်နိုင်ငံက သိုင်းဆရာအယောက် ၂၀ စေလွှတ်
Sunday, June 28, 2020
အိန္ဒိယနယ်စပ်မှာရှိတဲ့ တပ်ဖွဲ့တွေကို လေ့ကျင့်ပေးဖို့အတွက် တရုတ်နိုင်ငံက သိုင်းဆရာအယောက် ၂၀ ကို တိဗက်ကုန်းမြင့်ဒေသဆီ စေလွှတ်ခဲ့ပြီး နယ်စပ်တပ်ဖွဲ့တွေကို သိုင်းဆရာတွေနဲ့ လေ့ကျင့်ခိုင်းရတဲ့ တရားဝင် အကြောင်းရင်းကိုတော့ တရုတ်အစိုးရက မထုတ်ပြန်သေးပါဘူး။
ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ဟိမဝန္တာနယ်စပ်မှာ တရုတ်နယ်ခြားစောင့်တပ်ဖွဲ့တွေနဲ့ အိန္ဒိယစစ်သည်တွေ တိုက်ပွဲဖြစ်ပွားခဲ့လို့ အနည်းဆုံး အိန္ဒိယစစ်သည်အယောက် ၂၀ သေဆုံးခဲ့ပြီးနောက်မှာ အခုလို သတင်းထွက်လာခဲ့တာပါ။
၁၉၉၆ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ သဘောတူစာချုပ်အရ တရုတ်နဲ့အိန္ဒိယတပ်ဖွဲ့တွေက အဲဒီဒေသမှာ သေနတ်နှင့် ဖောက်ခွဲရေးပစ္စည်းတွေ သယ်ဆောင်အသုံးပြုခွင့်မရှိပါဘူး။ ဇွန်လ ၁၅ ရက်က ဂယ်ဝမ်တောင်ကြားတိုက်ပွဲမှာ တရုတ်စစ်သည်တွေက သံချောင်းရိုက်သွင်းထားတဲ့ သံတုတ်တွေ အသုံးပြုခဲ့တယ်ဆိုတဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ တရုတ်စစ်သည် ဘယ်လောက်ကျဆုံးခဲ့သည်ဆိုတာကို တရုတ်နိုင်ငံက ထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။
အန်ဘိုတိုက်ခိုက်ရေးအားကစားကလပ်ရဲ့ သိုင်းဆရာအယောက် ၂၀ က တိဗက်ဒေသမြို့တော် လာဆာမြို့မှာ အခြေချနေထိုင်မယ်လို့ CCTV သတင်းဌာနမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ တရုတ်နယ်ခြားစောင့်တပ်ဖွဲ့တွေကို လေ့ကျင့်ပေးမှာ ဟုတ်၊ မဟုတ်ဆိုတာကိုတော့ အတည်ပြုခဲ့ခြင်း မရှိပါဘူး။
crd- ရိုးရာလေး #Myanmar_Online_News
0 comments:
Post a Comment