Sunday, June 28, 2020

နီပေါနိုင်ငံတွင် COVID-19 ရောဂါ အတည်ပြုလူနာ ၁၂,၀၀၀ကျော် ရှိလာ

နီပေါနိုင်ငံတွင် ပြီးခဲ့သော ၂၄ နာရီက COVID-19 ရောဂါအတည်ပြုလူနာ ၅၅၄ ဦး ထပ်တိုးလာပြီး စုစုပေါင်း ၁၂,၃၀၉ ဦး ရှိလာကြောင်း ၊ အသစ်ထပ်တိုးလူနာများတွင် ၉ ဦးသည် ယခင်က ရောဂါမတွေ့ရှိသေးသော Rasuwa ခရိုင်မှဖြစ်ကြောင်း နီပေါ ကျန်းမာရေးနှင့်လူဦးရေ ဝန်ကြီးဌာနက ဇွန် ၂၇ ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။
ယခုအခါ နီပေါနိုင်ငံ တစ်နိုင်ငံလုံးရှိ ခရိုင်ပေါင်း ၇၇ ခုစလုံးတွင် COVID-19ရောဂါအတည်ပြုလူနာတွေ့ရှိခဲ့ကြောင်း သိရသည်။
ကိန်းဂဏန်းများအရ နီပေါတွင် COVID-19ကြောင့်သေဆုံးသူ ၂၈ ဦး ရှိပြီး ရောဂါ သက်သာပျောက်ကင်းလာသူ ၂,၈၀၀ ဦးရှိကြောင်းနှင့် လူပေါင်း ၅ သိန်းကျော်ကို ရောဂါစစ်ဆေးမှုများပြုလုပ်ထားကြောင်း သိရသည်။
နိုဗယ် ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို ကာကွယ်တားဆီးရန် နီပေါနိုင်ငံအစိုးရသည် မတ် ၂၄ ရက်မှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာအရ ပိတ်ဆို့မှုများပြုလုပ်ခဲ့သည်။ ဇွန် ၁၀ ရက်တွင် သက်ဆိုင်ရာ ပိတ်ဆို့မှုများအား တစ်စတစ်စ ဖြေလျှော့မှုများပြုလုပ်ခဲ့သည့်နောက်ပိုင်း ကူးစက်သူဦးရေ လျင်မြန်စွာ မြင့်တက်ခဲ့ပြီး ရောဂါကူးစက်မှု၏ ၉၅ ရာခိုင်နှုန်းမှာ ပြည်ပမှ ပြန်လာကြသည့် နီပေါနိုင်ငံသားများဖြစ်ကြောင်း သိရသည်။
>>zawgyi<<
နီပေါနိုင်ငံတွင် COVID-19 ရောဂါ အတည်ပြုလူနာ ၁၂,၀၀၀ကျော် ရှိလာ
Sunday, June 28, 2020
နီပေါနိုင်ငံတွင် ပြီးခဲ့သော ၂၄ နာရီက COVID-19 ရောဂါအတည်ပြုလူနာ ၅၅၄ ဦး ထပ်တိုးလာပြီး စုစုပေါင်း ၁၂,၃၀၉ ဦး ရှိလာကြောင်း ၊ အသစ်ထပ်တိုးလူနာများတွင် ၉ ဦးသည် ယခင်က ရောဂါမတွေ့ရှိသေးသော Rasuwa ခရိုင်မှဖြစ်ကြောင်း နီပေါ ကျန်းမာရေးနှင့်လူဦးရေ ဝန်ကြီးဌာနက ဇွန် ၂၇ ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။ ယခုအခါ နီပေါနိုင်ငံ တစ်နိုင်ငံလုံးရှိ ခရိုင်ပေါင်း ၇၇ ခုစလုံးတွင် COVID-19ရောဂါအတည်ပြုလူနာတွေ့ရှိခဲ့ကြောင်း သိရသည်။
ကိန်းဂဏန်းများအရ နီပေါတွင် COVID-19ကြောင့်သေဆုံးသူ ၂၈ ဦး ရှိပြီး ရောဂါ သက်သာပျောက်ကင်းလာသူ ၂,၈၀၀ ဦးရှိကြောင်းနှင့် လူပေါင်း ၅ သိန်းကျော်ကို ရောဂါစစ်ဆေးမှုများပြုလုပ်ထားကြောင်း သိရသည်။
နိုဗယ် ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို ကာကွယ်တားဆီးရန် နီပေါနိုင်ငံအစိုးရသည် မတ် ၂၄ ရက်မှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာအရ ပိတ်ဆို့မှုများပြုလုပ်ခဲ့သည်။ ဇွန် ၁၀ ရက်တွင် သက်ဆိုင်ရာ ပိတ်ဆို့မှုများအား တစ်စတစ်စ ဖြေလျှော့မှုများပြုလုပ်ခဲ့သည့်နောက်ပိုင်း ကူးစက်သူဦးရေ လျင်မြန်စွာ မြင့်တက်ခဲ့ပြီး ရောဂါကူးစက်မှု၏ ၉၅ ရာခိုင်နှုန်းမှာ ပြည်ပမှ ပြန်လာကြသည့် နီပေါနိုင်ငံသားများဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment