COVID-19 ရောဂါဖြစ်ပွားပြီး ပြန်လည်သက်သာလာသူတွေရဲ့သွေးရည်ကြည်ကို အသုံးပြုပြီးကုသတဲ့ သွေးရည်ကြည်ကုထုံးကို မြန်မာနိုင်ငံမှာအောင်မြင်စွာကုသနိုင်ပြီး ရောဂါပျောက်ကင်းသွားတဲ့ လူနာစုစုပေါင်း(၇)ဦးရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစရောဂါတိုက်ဖျက်ရေးဌာနက ထုတ်ပြန်ထားပါတယ်။
သွေးရည်ကြည်ကုထုံးကုသမှုအောင်မြင်သွားတာနဲ့ပတ်သက်လို့ သုတေသနတွေ့ရှိချက်တွေကို မကြာမီထုတ်ပြန်သွား ဖို့ရှိတယ်လို့ ကျန်းမာရေးအသိပညာမြှင့်တင်မှုဌာနခွဲ၊ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။
"အောင်မြင်ပါတယ်။အောင်မြင်မှုတွေရရှိနေပါတယ်။ကျွန်တော်တို့မှာ မည်သူတစ်ဦးတစ်ယောက်ကိုမှ Targetမထားဘဲနဲ့ မည်သူ့နာမည်ကိုမှ ထုတ်ဖော်ခြင်းမပြုဘဲနဲ့ သုတေသနတွေ့ရှိချက်အနေနဲ့ ထုတ်ပြန်မှာ ဖြစ်တဲ့အတွက်ကြောင့်မို့ဒါကို ကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့ ဒါတွေကိုထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်”လို့ ဒေါက်တာသန်းနိုင်စိုးကဆိုပါတယ်။
ထွက်ပေါ်လာမယ့် သုတေသနတွေရှိချက်တွေကို COVID-19ကုသရာမှာ ဆေးပညာရှင်အချင်းချင်းမျှဝေ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ ဒေါက်တာသန်းနိုင်စိုးကဆိုပါတယ်။
သွေးရည်ကြည်ကုထုံးအောင်မြင်သွားတဲ့အပေါ် သွေးရည်ကြည်အလှူရှင်တစ်ဦးဖြစ်တဲ့ အဆိုတော်နီတာကလည်း အခုလို ပြောပါတယ်။ "အရမ်းဝမ်းသာတာပေါ့။ ဘာလို့လဲဆိုတော့ ကိုယ်ကိုယ်တိုင်က ဒီရောဂါ(COVID19)ကို ခံစားခဲ့ရတာ ဖြစ်တော့လေ။ ကိုယ့်လိုမျိုးဖြစ်တဲ့လူနာတွေကို ကိုယ့်ရဲ့သွေးရည်ကြည်နဲ့ ပြန်ကုတဲ့အချိန်မှာ ပျောက်တယ်ဆိုတော့လေ ပိုပြီးတော့ ဝမ်းသာပါတယ်”လို့ အဆိုတော်နီတာကပြောခဲ့ပြီး
၎င်းအနေနဲ့ COVID-19လူနာတွေအတွက် သွေးရည်ကြည်ထပ်မံလှူဒါန်းသွားဖို့ရှိတယ်လို့လည်း သိရပါတယ်။
crd-One News Myanmar #Myanmar_Online_News
>>zawgyi<<
မြန်မာနိုင်ငံတွင် COVID-19ရောဂါကိုသွေးရည်ကြည်ကုထုံးဖြင့် အောင်မြင်စွာကုသပေးနိုင်ပြီး ရောဂါပျောက်ကင်းသူ(၇)ဦး ရှိ
Sunday, June 28, 2020
COVID-19ရောဂါဖြစ်ပွားပြီး ပြန်လည်သက်သာလာသူတွေရဲ့သွေးရည်ကြည်ကိုအသုံးပြုပြီးကုသတဲ့ သွေးရည်ကြည်ကုထုံးကို မြန်မာနိုင်ငံမှာအောင်မြင်စွာကုသနိုင်ပြီး ရောဂါပျောက်ကင်းသွားတဲ့ လူနာစုစုပေါင်း(၇)ဦးရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနက ထုတ်ပြန်ထားပါတယ်။
သွေးရည်ကြည်ကုထုံးကုသမှုအောင်မြင်သွားတာနဲ့ပတ်သက်လို့ သုတေသနတွေ့ရှိချက်တွေကို မကြာမီထုတ်ပြန်သွား ဖို့ရှိတယ်လို့ ကျန်းမာရေးအသိပညာမြှင့်တင်မှုဌာနခွဲ၊ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။
"အောင်မြင်ပါတယ်။အောင်မြင်မှုတွေရရှိနေပါတယ်။ကျွန်တော်တို့မှာ မည်သူတစ်ဦးတစ်ယောက်ကိုမှ Targetမထားဘဲနဲ့ မည်သူ့နာမည်ကိုမှ ထုတ်ဖော်ခြင်းမပြုဘဲနဲ့ သုတေသနတွေ့ရှိချက်အနေနဲ့ ထုတ်ပြန်မှာ ဖြစ်တဲ့အတွက်ကြောင့်မို့ဒါကို ကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့ ဒါတွေကိုထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်”လို့ ဒေါက်တာသန်းနိုင်စိုးကဆိုပါတယ်။
ထွက်ပေါ်လာမယ့် သုတေသနတွေရှိချက်တွေကို COVID-19ကုသရာမှာ ဆေးပညာရှင်အချင်းချင်းမျှဝေ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ ဒေါက်တာသန်းနိုင်စိုးကဆိုပါတယ်။
သွေးရည်ကြည်ကုထုံးအောင်မြင်သွားတဲ့အပေါ် သွေးရည်ကြည်အလှူရှင်တစ်ဦးဖြစ်တဲ့ အဆိုတော်နီတာကလည်း အခုလို ပြောပါတယ်။ "အရမ်းဝမ်းသာတာပေါ့။ ဘာလို့လဲဆိုတော့ ကိုယ်ကိုယ်တိုင်က ဒီရောဂါ(COVID19)ကို ခံစားခဲ့ရတာ ဖြစ်တော့လေ။ ကိုယ့်လိုမျိုးဖြစ်တဲ့လူနာတွေကို ကိုယ့်ရဲ့သွေးရည်ကြည်နဲ့ ပြန်ကုတဲ့အချိန်မှာ ပျောက်တယ်ဆိုတော့လေ ပိုပြီးတော့ ဝမ်းသာပါတယ်”လို့ အဆိုတော်နီတာကပြောခဲ့ပြီး
၎င်းအနေနဲ့ COVID-19လူနာတွေအတွက် သွေးရည်ကြည်ထပ်မံလှူဒါန်းသွားဖို့ရှိတယ်လို့လည်း သိရပါတယ်။
crd-One News Myanmar #Myanmar_Online_News
0 comments:
Post a Comment